Svoboda | Graniru | BBC Russia | Golosameriki | Facebook
မာတိကာသို့ ခုန်သွားရန်

ဖရန်ဆွာ ဟော်လန်

ဝီကီပီးဒီးယား မှ
ဖရံဆွာ ဩလံဒ် (၂၀၁၅)

ဖရံဆွာ ဂျေရာရ် ဂျောရ်ဂ်ျ နီကောလာ ဩလံဒ်(ပြင်သစ်: François Gérard Georges Nicolas Hollande, ပြင်သစ်: [fʁɑ̃swa ʒeʁaʁ ʒɔʁʒ nikɔla ɔlɑ̃d] ( ); ၁၂ ဩဂုတ် ၁၉၅၄ ~ )သည် ပြင်သစ်နိုင်ငံ၏ ၂၄ ဦးမြောက် သမ္မတဖြစ်သည်။

သူသည် ပြင်သစ် ဆိုရှယ်လစ်ပါတီ၏ ပထမ အတွင်းရေးမှူး အဖြစ် ၁၉၉၇ မှ ၂၀၀၈ ခုနှစ် အထိ ဆောင်ရွက်ခဲ့သည်။ ပြင်သစ် အမျိုးသား လွှတ်တော် (အောက်လွှတ်တော်) တွင် ကော်ရဲ့ဇ် မဲဆန္ဒနယ် အမှတ် (၁) ကို ကိုယ်စားပြုသော အမတ်အဖြစ် ၁၉၉၇ ခုနှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ယခင်က ထိုအမတ်နေရာတွင် ၁၉၈၈ မှ ၁၉၉၃ ခုနှစ် အထိ ရွေးချယ်ခံခဲ့ရဖူးသည်။

တူးလုစ်မြို့၏ မြို့တော်ဝန်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပြီး ကော်ရဲ့ဇ် အထွေထွေ ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် ၂၀၀၈ မှ ၂၀၁၂ အထိ တာဝန်ထမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မေလ ၆ ရက်တွင် လက်ရှိ သမ္မတဖြစ်သူ နီကိုလပ်စ် ဆာကိုဇီ ကို အနိုင်ရပြီး ပြင်သစ်နိုင်ငံ၏ သမ္မတ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။