Svoboda | Graniru | BBC Russia | Golosameriki | Facebook
မာတိကာသို့ ခုန်သွားရန်

မာမာအေး

ဝီကီပီးဒီးယား မှ
မာမာအေး
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းမအေးမြင့်
မွေးဖွား (1942-07-26) ဇူလိုင် ၂၆၊ ၁၉၄၂ (အသက် ၈၁)
မြောင်းမြမြို့ဧရာဝတီတိုင်း
ကွယ်လွန်ဇန်နဝါရီ ၉၊ ၂၀၂၄(2024-01-09) (အသက် ၈၁)
အမေရိကန်နိုင်ငံ
ဂီတဟန်မြန်မာဂန္ထဝင်သံစဉ်
အလုပ်အကိုင်အဆိုတော်
တူရိယာတေးသံရှင်
တက်ကြွသည့်နှစ်များ၁၉၅၅–၂၀၂၄
ဝက်ဘ်ဆိုက်marmaraye.blogspot.com

မာမာအေး(၁၉၄၂-၂၀၂၄) သည် မြန်မာအမျိုးသမီး အဆိုတော် တစ်ဦး ဖြစ်သည်။[၁]

အနုပညာဘဝ နှင့် အမည်မျိုးစုံ[ပြင်ဆင်ရန်]

မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ ဖွားမြင်သည်။ ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ ဖြစ်ပြီး အမည်ရင်း မအေးမြင့် ဖြစ်သည်။အသက် ၃ နှစ်ကျော်မှ စ၍ "ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့" တွင် သီချင်းဆို၊ ပြဇာတ် ကခဲ့သည်။ အသက် ၈ နှစ်တွင် စတင် အသံလွှင့်ခဲ့သည်။

သန်းသန်းမြင့် အမည်ဖြင့် "စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့"၊ မြင့်မြင့်အေး အမည် ဖြင့် "ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့"၊ "မြင့်သီရိ အပျော်ထမ်း တူရိယာ အဖွဲ့"၊ "ချိုတေးရှင် တူရိယာ အဖွဲ့"၊ မာမာအေး အမည်ဖြင့် "ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့"၊ "စစ်ရဲ ဂီတ တူရိယာ အဖွဲ့"၊ "ကေသီပန် တူရိယာ အဖွဲ့"၊ "ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့"၊ "စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့"၊ "မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့" တို့တွင် ပါဝင် ဖျော်ဖြေ ခဲ့သည်။

၁၉၅၅ ခုနှစ်တွင် "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းဖြင့် နိုင်ငံသိ အဆိုတော် ဖြစ်လာသည်။ ၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်များတွင် ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲ၌ အလယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက် ရရှိ၍ တံခွန်စိုက်ဆု အပ်နှင်းခြင်း ခံရသည်။

ထိုကာလများအတွင်း "လေးမာ" ကလောင်အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများလည်း ရေးခဲ့သည်။

၁၉၆၁ မှစတင်၍ မြန်မာ့အသံအစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်သည်။

“မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကား၏ သရုပ်ဆောင်လည်း ဖြစ်သည်။

ကိုယ်ပိုင်လုပ်ငန်းများ[ပြင်ဆင်ရန်]

၁၉၇၁ ခုနှစ်တွင် “တေးသံရှင်ဓာတ်ပြားထုတ်လုပ်ရေး” ကို တည်ထောင်ခဲ့သည်။ “သိုးကလေးမေမေ” လုံးချင်းဝတ္ထု ရေးသားခဲ့သည်။ ၁၉၇၆ တွင် “အေး အဆိုလေ့ကျင့်‌ရေးကျောင်း” တည်ထောင်ခဲ့သည်။ “မာမာအေး တေးဂီတလုပ်ငန်း”၊ စတူဒီယို - အေ အသံသွင်းခန်း စသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့သည်။

အသင်းအဖွဲ့တာဝန်များ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး (၁)၊ ၁၉၉၅ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုရေး ကော်မတီအဖွဲ့ဝင်စည်းဝါးသံကျ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များအတွင်း ပြုလုပ်သော ဆိုကရေးတီး ပြိုင်ပွဲများတွင် အဆိုအဖွဲ့ (မဟာဂီတ) အတွင်းရေးမှူး ဖြစ်သည်။၁၉၉၈ ခုနှစ်မှ စ၍ အမေရိကန် ပြည်ထောင်စုတွင် ခေတ္တ နေထိုင်လျက် ဂီတ မှတ်တမ်းများ ရေးသား ပြုစုရင်း၊ ဆေးပညာ သင်တန်းများ တက်ရောက် သင်ကြားရင်း အမေရိကန် ပြည်နယ် များနှင့် အင်္ဂလန်၊ဩစတြေးလျ၊ ဂျပန် နိုင်ငံများရောက် မြန်မာ့ ဂီတ ချစ်သူများကို သွားရောက် ဖျော်ဖြေ လည်ပတ်ရင်း လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ တဆင့် သောတရှင် ပြည်သူများ အတွက် "ပြောပြစရာ တွေလည်း တပုံကြီး ရှိသေးတယ်" ခေါင်းစဉ်ဖြင့် ရေးသား ပေးပို့ အသံလွှင့်ခဲ့သည်။မိုးမခ Radio and Multimediaအကြံပေး ဖြစ်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၈ရက်  အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် ညနေ ၆နာရီ ၂၈မိနစ်၊မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅နာရီ၅၈မိနစ် တွင် ကွယ်လွန်သည်။[၂]

ထုတ်လွှင့်ထွက်ရှိခဲ့သော ရေဒီယိုတေး၊ဓာတ်ပြား၊တေးစု နှင့် ရုပ်ရှင်တေးများ[ပြင်ဆင်ရန်]

  1. ကံ့ကော်တစ်ထောင်
  2. ကောက်စိုက်မ
  3. ကျွဲမ
  4. ခက်ခက်ကိုမှလိုချင်တယ်
  5. ချစ်စရာမချမ်းဘော (တိုးနယား ဓာတ်ပြား)
  6. ချစ်ပါရမီ (နန်းတော်ရှေ့ဆရာတင်)
  7. ချစ်အဓိပ္ပါယ် (ဝင်းစန္ဒာ ဓာတ်ပြား)
  8. ချမ်းမြေ့ပါ‌စေ (ရုပ်ရှင်ဇာတ်ဝင်တေး)
  9. ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ
  10. စိန်နားကပ်ကြီးပန်ရမလို (ဓာတ်ပြား)
  11. ဇမ္ဗူရစ်ရွှေ
  12. တချစ်တည်းချစ် အပါအဝင် မြို့မငြိမ်း၏ သီချင်းများ
  13. တမာပန်းကလေးနဲ့ အညာမန်းမရွေး (ဝင်းဦး၊ တင်တင်မြ၊ ရီရီသန့် ၊တင်တင်လှ၊ ဥမ္မာ တို့နှင့် တွဲဖက်)
  14. တရေးချစ်ခွင့်မြင်ရနိုး (တိုးနယား ဓာတ်ပြား)
  15. တို့ပြည်ထောင်စုသား (‌ ရေဒီယိုတေး)
  16. နန်းမြို့တော်မှ နိဒါန်း သဝဏ်လွှာ (၁၉၈၇)
  17. နှင့်းပျောက်တဲ့ နွေ (ဝင်းစန္ဒာ ဓာတ်ပြား) (ရုပ်ရှင်ဇာတ်ဝင်တေး)
  18. နှစ်ကံပြိုင်ဖူးစာ (၁၉၈၆)
  19. ပုပ္ပါးစံ
  20. ဗောဓိရွှေကျောင်း
  21. ဘယ်သူတွေရူးသလဲ အပါအဝင် မာမာအေးတကိုယ်တော် လက်ရွေးစင်တေးများ (ဂီတစာဆို စိန်မောင်မြင့် ကျော်ကြားခဲ့သည့်တေးများ၊ ဧည့်အဆိုရှင် ဟင်္သာတထွန်းရင်) မူပိုင် ရွှေစည်းစိမ်အနုပညာ
  22. မကျည်းတန် ရင်ဖွင့်လိုက်ပြီ
  23. မမဲညို
  24. မင်္ဂလာမောင်မယ် (တေးအတွဲ ၁၁) မူပိုင် မာမာအေး တေးဂီတလုပ်ငန်း
  25. မင်းကုသ ခေတ်ဟောင်း ပြန်ဆိုတေး (ဝင်းဦး၊ ချိုပြုံး တို့နှင့် တွဲဖက်)
  26. မောင့်အချစ်မျှား
  27. မေတ္တာ‌ပေါင်းကူး ( ‌ မေဆွိ နှင့် တွဲဖက်)
  28. မေတ္တာလမ်းကလေး ဒဂုန်အမှတ် (၂) (ဝင်းဦးတင်တင်မြ၊ ရီရီသန့် တွဲဖက်)
  29. မုန့်စား
  30. ယောက်မ အပါအဝင် ခေတ်အကြိုက် တေးပဒေသာ
  31. ရတနာပုံ (ဂီတစာဆို ပန်တျာချစ်လှိုင်၊ မူပိုင် တေးပုလဲ ကိုဘမြင့်၊ အသံဖမ်း တိုနီလင်း၊ စတူဒီယို တေးဂီတ စန္ဒယားထွန်းထွန်းလေး နှင့် ဆိုင်း စိန်ထွန်းအောင်၊ ဧည့်သည်ဂီတပညာရှင် စန္ဒယားတင်ဝင်းလှိုင်မေတ္တာဖြင့်ကူညီတီးခတ်ပေးသည်)
  32. ရွှေခြည် ငွေခြည် ပိုးကြိုးသီ (လွှမ်းမိုး နှင့် တွဲဖက်)
  33. ရောင်တော်ဘွဲ့
  34. ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့
  35. လောကီမင်္ဂလာဆယ့်နှစ်ပါး
  36. လက်ရွေးစင် ပွဲဝင်တေး အမှတ် (၁)
  37. လက်ရွေးစင် ပွဲဝင်တေး အမှတ် (၂)
  38. လွန်းပျံယာဉ်
  39. လွမ်းတေး
  40. သာချို
  41. သူတို့အကြိုက်တေး (၁၉၉၃)
  42. သစ္စာလေးပါး နှင့် ဝိပါတ်တော် ၁၂ ပါး (ဝင်းဦး နှင့် တွဲဖက်)
  43. အကောင်းတကာ့ အကောင်းဆုံး တေး (၁)
  44. အကောင်းတကာ့ အကောင်းဆုံး တေး (၂)
  45. အကောင်းတကာ့ အကောင်းဆုံး တေး (၃)
  46. အညာတခွင် အပါအဝင် မြန်မာ့ရိုးရာ စားစရာ ကစားစရာ တေးများ (၁၉၉၆)
  47. အနားမှာ‌‌ နေပါ
  48. အပျိုရံမလေး မကျည်းတန်
  49. အရိပ်ပမာ (တိုးနယား ဓာတ်ပြား)
  50. အာယားမ အပါအဝင် စင်တော်‌ကောက် တေးပုလဲသွယ်
  51. အိုဘယ့်တဏှာမိမာယာ တေးဇာတ်လမ်း (‌ မောင်မောင်ကြီး၊ ကိုမင်း‌နောင် တွဲဖက်)
  52. အောင်နိမိတ်
  53. အောင်ခြင်းရှစ်ပါး
  54. အောင်ခြင်းရှစ်ပါး နှင့် နုပျိုထား‌သော ချစ်တေးအိုများ
  55. အိန္ဒြေရှင်မ


ကိုးကား[ပြင်ဆင်ရန်]

  1. မာမာအေး - ဣန္ဒြေရှင်မ အပါအဝင် ကျော်ကြားသောအငြိမ့်တေးများyoutube (28 Aug 2021)။ 9 January 2024 တွင် ပြန်စစ်ပြီး။
  2. မြန်မာဂန္ထဝင် အဆိုတော်ကြီး မာမာအေး ကွယ်လွန်DVB Burmese (၉ ဇန်နဝါရီ ၂၀၂၄)။ ၉ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။