မြန်မာစစ်ကောင်စီ တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည် ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၆ နှစ် စီရင်ချက် ချမှတ်တာဟာ တရားမျှတမှုမရှိတဲ့အတွက် ရှုတ်ချလိုက်ကြောင်း နဲ့ သူကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ဥရောပ သမဂ္ဂ EU ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ အကြီးအကဲ Josep Borrell တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။
No media source currently available
ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချ၊ သန်းနဲ့ချီတဲ့ အာဖဂန်ပြည်သူတွေ အငတ်ဘေးကြုံရနိုင်ဖွယ်ရှိ့စတဲ့သတင်းတွေနဲ့ ကော့ကရိတ် မြို့မရဲစခန်း KNU ဝင်တိုက်တာ စတဲ့- သတင်းဆောင်းပါးတွေကိုလည်းတင်ပြဖို့ရှိပါတယ်။ သတင်းထောက်မှတ်စု၊ စီးပွါးရေး၊ Blogger တွေပြောသမျှနဲ့ သက်တန့်ရောင်သတင်းလွှာအစီအစဉ်တွေကိုလည်းထုတ်လွှင့်တင်ဆက်ပေးပါမယ်။