Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ထရမ့်အိမ်က FBI သိမ်းဆည်းတဲ့အထဲ ထိပ်တန်းလျို့ဝှက် မှတ်တမ်းတချို့ပါဝင်


[[ ZAWGYI / UNICODE ]]

သမ္မတဟောင်း ထရမ့်အိမ်က FBI သိမ်းဆည်းတဲ့အထဲ ထိပ်တန်းလျို့ဝှက် မှတ်တမ်းတချို့ပါဝင်

အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ အပမ်းဖြေအိမ်ကို ရှာဖွေမှုအတွင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က သိမ်းဆည်းရမိတဲ့အထဲ ထိပ်တန်း လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ မှတ်တမ်းတွေ ပါဝင်ကြောင်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒီသီတင်းပတ် အစောပိုင်းက ဖလော်ရီဒါ ပြည်နယ်မှာ ရှိတဲ့ Mar-a-Lago အိမ်ကို တနင်္လာနေ့က ရုတ်တရက် ဝင်ရောက်ရှာဖွေခွင့် ပြုခဲ့တဲ့ ဝရမ်းနဲ့ သိမ်းဆည်းရမိတဲ့ စာရင်းကို ပြည်ထောင်စု တရားသူကြီးက အများပြည်သူ သိရှိအောင် သောကြာနေ့က ထုတ်ပြန်လိုက်တာပါ။

တရားရုံးက ထုတ်ပြန်ခဲ့တဲ့ FBI ရဲ့ သိမ်းဆည်းရမိ စာရင်းမှာတော့ လျို့ဝှက်နဲ့ ထိပ်တန်းလျို့ဝှက်အဆင့် သတ်မှတ်ထားတာ တချို့လည်း ပါဝင်ပါတယ်။ စာရွက်စာတမ်းတွေရဲ့ အသေးစိတ် အကြောင်းအရာ ဒါမှမဟုတ်လည်း ဘယ်လို သတင်းအချက်အလက်တွေ ပါဝင်သလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ တရားရုံး မှတ်တမ်းမှာ ဖော်ပြမထားပါဘူး။

ဖလော်ရီဒါ အိမ်ယာကနေ FBI တာဝန်ရှိသူတွေ သိမ်းဆည်းသွားတဲ့ စာရွက်စာတမ်းတွေ အားလုံးဟာ လျို့ဝှက် အဆင့်ကနေ ပယ်ဖျက်ပြီးသား ဖြစ်ကြောင်း သောကြာနေ့ထုတ် ကြေညာချက်မှာ Trump က ပြောဆိုထားပါတယ်။ တကယ်လို့ တရားရေး ဌာနက တောင်းဆိုခဲ့ရင်လည်း အဲဒီ စာရွက်စာတမ်းတွေကို သူက လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့လည်း သမ္မတဟောင်း Trump က ပြောဆိုထားပါတယ်။

တာဝန်ထမ်းဆောင်ဆဲ သမ္မတတွေ အနေနဲ့ အချက်အလက်တွေကို လျို့ဝှက် အဆင့်ကနေ ပယ်ဖျက်ခွင့်အာဏာ ရှိပေမယ့်လည်း ရာထူးက ဆင်းပြီ ဆိုတာနဲ့ အဲဒီ အခွင့်အာဏာ မရှိတော့ပါဘူး။ တချိန်တည်းမှာဘဲ ဒီ စာရွက်စာတမ်းတွေကို လျို့ဝှက် အဆင့်ကနေ ပယ်ဖျက်ပြီးသားလားဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

===================

{{ UNICODE }}







XS
SM
MD
LG