Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဟောင်ကောင်ကို စွန့်ခွါသူ တနှစ်အတွင်း (၁)သိန်းခွဲ ခန့်ရှိ


Hong Kong Jumbo Floating Restaurant
Hong Kong Jumbo Floating Restaurant

ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ၁၂ လအတွင်း လူဦးရေကျဆင်းလာတာကို ဒေတာ အချက်အလက်တေတွေမှာ တွေ့ရပါတယ်။ ကမ္ဘာ့အာရှမြို့တော်လို့ သူ့ကိုယ်သူ တင်စားခေါ်ဝေါ်နေတဲ့ ဟောင်ကောင်ရဲ့ပုံရိပ်ဟာလည်း လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ရော တင်းကြပ်တဲ့ ကပ်ရောဂါကန့်သတ်ချက်တွေကြောင့်ပါ ကျဆင်းလာခဲ့ရတာပါ။ 

ဟောင်ကောင်ကို စွန့်ခွါသူ တနှစ်အတွင်း (၁)သိန်းခွဲ ခန့်ရှိ

{{Zawgyi/Unicode}}
ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ၁၂ လအတွင်း လူဦးရေကျဆင်းလာတာကို ဒေတာ အချက်အလက်တေတွေမှာ တွေ့ရပါတယ်။ ကမ္ဘာ့အာရှမြို့တော်လို့ သူ့ကိုယ်သူ တင်စားခေါ်ဝေါ်နေတဲ့ ဟောင်ကောင်ရဲ့ပုံရိပ်ဟာလည်း လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ရော တင်းကြပ်တဲ့ ကပ်ရောဂါကန့်သတ်ချက်တွေကြောင့်ပါ ကျဆင်းလာခဲ့ရတာပါ။

လွန်ခဲ့တဲ့ ၃ နှစ်က ဟောင်ကောင်အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးတဲ့နောက် တရုတ်အစိုးပိုင်နယ်မြေဖြစ်တဲ့ ဟောင်ကောင်ကနေ ပြောင်းရွှေ့ထွက်ခွါသွားသူတွေလည်း တိုးလာပါတယ်။

မနှစ်ကတင် ဟောင်ကောင်ကနေ ပြောင်းရွှေ့သွားသူ ၁သိန်း၁ သောင်း ၃ ထောင်ကျော်ရှိတဲ့အတွက် လူဦးရေ ၁.၆ ရာခိုင်နှုန်းထိ စံချိန်တင် ကျဆင်းသွားတာဖြစ်သလို နှစ်ပေါင်း ၆၀ ကျော်အတွင်း အများဆုံး အရေအတွက်လည်းဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်တုန်းကတော့ ဟောင်ကောင်ကနေ ပြည်ပကိုပြောင်းရွှေ့သွားသူ ၂ သောင်း ၉ ရာရှိခဲ့ပြီး ၂၀၂၁ မှာတော့ ၈ သောင်း ၉ ထောင် ၂ ရာထိရောက်လာပါတယ်။ ဟောင်ကောင်သန်းခေါင်စာရင်းဌာနရဲ့ ဒေတာအချက်အလက်တွေအရ ၇.၄၁ သန်းရှိတဲ့ ဟောင်ကောင်လူဦးရေဟာ ခုတော့ ၇.၂၉ သန်းထိကျဆင်းလာတာပါ။

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ တင်းကြပ်တဲ့ ကပ်ရောဂါဆိုင်ရာကန့်သတ်ချက်တွေကြောင့် လူတွေ ခုလိုပြောင်းရွှေ့သွားကြတာဖြစ်တယ်လို့ သုတေသီတဦးက VOA ကို ဒီနှစ်အစောပိုင်းမှာပြောဆိုထားတာပါ။

ဟောင်ကောင်အစိုးရပြောခွင့်ရသူ တဦးကတော့ လူတွေ ထပ်ပြီး ဝင်ရောက်မလာတဲ့အတွက် ခုလို လူဦးရေ ကျဆင်းလာတာလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

............................


{{Zawgyi/Unicode}}






XS
SM
MD
LG