Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ကော့ကရိတ် မြို့မရဲစခန်း KNU ဝင်တိုက်


 ကော့ကရိတ် မြို့မရဲစခန်း KNU ဝင်တိုက်
ကော့ကရိတ် မြို့မရဲစခန်း KNU ဝင်တိုက်

ကရင်ပြည်နယ် ကော့ကရိတ် မြို့ပေါ်က သီးသန့်ရဲစခန်းနဲ့ မြို့မရဲစခန်းကို ကေအန်ယူ တပ်တွေက ဝင်ရောက်ပစ်ခတ်တာကြောင့် ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးကြောင်း ကေအန်ယူ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

ကော့ကရိတ် မြို့မရဲစခန်း KNU ဝင်တိုက်

{{Zawgyi/Unicode}}
ကရင်ပြည်နယ် ကော့ကရိတ် မြို့ပေါ်က သီးသန့်ရဲစခန်းနဲ့ မြို့မရဲစခန်းကို ကေအန်ယူ KUN ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်တွေက ဝင်ရောက်ပစ်ခတ်တာကြောင့် ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးကြောင်း ကေအန်ယူ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သြဂုတ်လ၁၅ရက်နေ့ ၁၀နာရီကျော်က ကော့ကရိတ်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်က ရဲစခန်း၂ခုကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ က ဝင်ရောက်ပစ်ခတ်မူတွေလုပ်ခဲ့ရာမှာ ရဲမှူးတဦး အပါအဝင် ၁၂ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ မျက်မြင်တွေ့ရှိသူ ကော့ကရိတ်မြို့ခံတွေကတော့ လက်နက်ကြီးတွေနဲ့ ဝင်ရောက်ပစ်ခတ်တာကြောင့် သေဆုံးမူတွေတော့ရှိကြောင်း၊ အရေအတွက်ကိုတော့ မသိရကြောင်း ပြောပါတယ်။ ရဲစခန်းတွေကို ဝင်ရောက်ပစ်ခတ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောပြရာမှာတော့ ။

" ရဲစခန်း ၂ခုလုံးပေါ့ ၊ သီးသန့် ရဲစခန်းကော၊ မြို့မရဲစခန်းကိုကော ဝင်ပစ်တာပဲ။ RPG နဲ့ ဝင်ပစ်တာကတော့ မြို့မရဲစခန်းပေါ့၊ စီးပွားရေးဘဏ် အစိုးရဘဏ်မှာ ကင်းရှိတယ်။ အဲဒီကင်းစခန်းကို တံတားပေါ်ကနေ ဆင်းပြီးဝင်ပစ်တယ်။ အဲဒီမှာ ကင်းစောင့်လေး သေသွားတာပေါ့ ။ သီးသန့် ရဲစခန်းဆိုတာ ခရိုင်ရဲစခန်းပေါ့ ။ ဒီဘက်ကတော့မြို့မရဲစခန်းဆိုပြီးရှိတယ် သီးသန့် ရဲစခန်းဘက်ကအခြေအနေကို တော့ကျနော်လည်းမသိဘူး"

ကော့ကရိတ်မြို့ က ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေကြပြီး တိုက်ပွဲဖြစ်ပြီးကတည်းက အိမ်ထဲကအိမ်ပြင်မထွက်ရဲကြဘူးလို့လည်းဆိုပါတယ် လက်ရှိမှ ာစစ်တပ်ကတော့ ကင်းလှည့်နေတာတွေ လုပ်နေတယ်လို့ လည်းဆိုပါတယ် ။

" ကြောက်တာပေါ့ ။ လမ်းမကြီးမှာဖြစ်တာကို။ ကေအန်ယူဘက်က ဆိုင်တွေကို အော်သံတော့ကြားရတယ်။ ဆိုင်ထဲက လူတွေလွတ်ရာမှာနေကြ။ ဝတ်နေကြ ။ ဘာမှအေးဆေးပဲလို့ အဲဒီလိုအော်သံတော့ကြားတယ်။ အခုကတော့ တော်တော်များများ လမ်းတွေမှာလည်း အသံတွေတိတ်ဆိတ်နေတယ်။ ဘယ်သူမှလည်းမထွက်ဘူး။ စစ်တပ်ကလည်း လမ်းမှာကင်းလှည့်လှည့်နေတယ်"

ကေအန်ယူဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ကော့ကရိတ်မြို့ ပေါ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ရဲမှူး အပါအဝင် ၁၂ဦးသေဆုံးပြီး လက်နက် ၆လက် နဲ့ ဥပဒေအရာရှိတဦး၊ ရုံးလုပ်သားတဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကို VOA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ကော့ကရိတ်မြို့ ပေါ်မှာ တိုက်ပွဲဖြစ်ပြီးတာနဲ့ စစ်ကောင်စီဘက်ကတော့ လက်နက်ကြိးတွေနဲ့ ကော့ကရိတ်အနီးက ကျေးရွာတွေကို လိုက်လံပစ်ခတ်မူတွေလုပ်နေပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိတာတွေလည်းရှိနေပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်တို့ဟာ မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ မကြာခနဖြစ်နေပြီး အခုအခါမှာတော့ ကော့ကရိတ်မြို့ပေါ်က ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ် ။

တိုက်ရိုက် လင့်ခ်

.............................................................


{{Zawgyi/Unicode}}








XS
SM
MD
LG