Radio
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် မေ ၁၊ ၂၀၂၂။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် နောက်ဆုံးရ အခြေအနေ၊ ရှမ်း တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်တဲ့ ခွန်ထွန်းဦး အကြောင်းအောက်မေ့ဖွယ်၊ ဒို့အသံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ ္ဘာ၊ တပတ် အတွင်း ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းချက်တွေကို နားဆင်ရပါမယ်။
၂၁:၀၀ - ၂၁:၅၉
၀၁ မေ၊ ၂၀၂၂ ညပိုင်း ၉း၀၀-၁၀း၀၀
ဗွီအိုအေရေဒီယိုညပိုင်း မေလ ၁ ရက်၊ ၂၀၂၂ အသက်မပြည့်တဲ့ ကလေးငယ်တွေ ဥပဒေနဲ့မညီစွာ စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထား၊ NUG နဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံစည်းဝေးပွဲမှာ မလေးရှားအဆိုပြုမည်၊ ပါမောက္ခ ရည်မွန်သူနဲ့ ကင်ဆာရောဂါ ကုသရေး သုတေသနအကြောင်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။