TV
၂၀၂၂ ဇန်နဝါရီ (၁)ရက် VOA မနက်ခင်းအစီအစဉ်
ဒီမနက် နှစ်သစ်ကူးနေ့ အစီအစဉ်မှာတော့ ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်သူ ၁၄ သန်းကျော်နိုင်ကြောင်း ကုလခန့်မှန်း၊ မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ် နှစ်သစ်ကူးဆုတောင်းနဲ့ မြန်မာနိုင်ငံတွင်းက ဘာသာရေးခေါင်းဆောင် တိုင်းရင်းသားပါတီခေါင်းဆောင်တချို့ရဲ့ နှစ်သစ်ဆုမွန်ကောင်းတောင်းသံတွေ နားဆင်ရပါမယ်။ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန် တခွင်၊ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေလည်း တင်ဆင်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇန်နဝါရီ ၁၊ ၂၀၂၂)
မြန်မာဆိုင်ရာ ဥပဒေ ကန်သမ္မတ လက်မှတ်ထိုး၊ နှစ်သစ်ကူးကာလ အိုးအိမ်စွန့် ထွက်ပြေးရသူ ပိုများလာ၊ နိုင်ငံတကာ ကိုဗစ်ပိုးသစ်ကူးစက်မှု အထူးမြင့်တက်၊ ဒီလို ၂၀၂၁ နောက်ဆုံးသီတင်းပတ် တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ မငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံက ၂၀၂၂ ငြိမ်းချမ်းရေး မျှော်လင့်ချက် သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇန်နဝါရီ ၁ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ စနေည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
ဇန်နဝါရီ ၁ ရက် - နှစ်သစ်ကူးပွဲ ဘယ်လို ကျင်းပ ခဲ့ကြသလဲဆိုတဲ့ သတင်းအပါအဝင် မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ လေးကေ့ကော်မှာ စစ်ကောင်စီက ဒီနေ့လည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်။ သီတင်းပတ်စဉ် - လူ့အခွင့်အရေးဆိုင်ရာ ဒို့အသံအစီအစဉ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာသတင်း ကောက်နုတ် စုစည်းချက်၊ နှစ်ချုပ် အားကစားအစီအစဉ်။