TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ်လ ၁ ၊ ၂၀၂၂)
မျောက်ကျောက်ရောဂါကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ နယူးယောက် ကြေညာ ၊ ခရိုင်းမီးယားက ရုရှားရေတပ်ဌာနချုပ် ယူကရိန်းအမြောက်ထိ စတဲသတင်တွေနဲ့အတူ ကျောက်ကြီးမြို့နယ်ကျေးရွာတချို့ စစ်ကောင်စီ လကြောင်းမှ တိုက်ခိုက် ၊ စစ်ကောင်စီဖမ်းဆီးတဲ့ မီဒီယာသမား လွတ်မြောက်ရေး ဂျပန်နိုင်ငံခြားရေးရုံးရှေ့ ဆန္ဒပြ ။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၀၁၊ ၂၀၂၂)
ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းကနေ နှံစားသီးနှံတွေ ဒီကနေ့ တနင်္လာနေ့စပြီး ပြန်တင်ပို့၊ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ တခြားတာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံ၊ မြန်မာစစ်ကောင်စီက ဒီနေ့ သြဂုတ်လ ၁ ရက်နေ့မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သက်တမ်းကို နောက်ထပ် ၆ လ သက်တမ်းတိုး.... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ်လ ၁ ရက်၊ ၂၀၂၂
စစ်ကောင်စီအကြီးအကဲရဲ့ အာဏာသိမ်း ၁၈ လပြည့် မိန့်ခွန်း၊ စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ဒီမောဆိုစစ်ရှောင် ၂ ဦး သေဆုံး၊ ကန့်ဘလူ-ကိုးထောင်ဘိုရွာ လက်နက်ကြီးနဲ့ ပစ်ခံရ၊ အာဆီယံရဲ့ မြန်မာအပေါ် သဘောထားများ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။