TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၁၃ ၊ ၂၀၂၂)
သမ္မတဟောင်း ထရမ့်အိမ်က FBI သိမ်းဆည်းတဲ့အထဲ ထိပ်တန်းလျို့ဝှက် မှတ်တမ်းတချို့ပါဝင်၊ ကမ္ဘာကျော် စာရေးဆရာ ရပ်ရှ်ဒီး နယူးယောက်ပြည်နယ်မှာ တိုက်ခိုက်ခံရ၊ ဖားကန့်ဒေသ တိုက်ပွဲတွေကြား ရွာသားတွေပိတ်မိ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ စတဲ့အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင် ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ သြဂုတ် ၁၃ ရက်၊ ၂၀၂၂
မြန်မာစစ်တပ်ရဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်မှုအဆိုးဆုံးလို့ IIMM ကပြောတဲ့ အစီရင်ခံစာ၊ အမေရိကန်သမ္မတဟောင်းအိမ် FBI ဘာကြောင့် ဝင်ရှာသလဲ စတာတွေပါတဲ့ တပါတ်အတွင်း သတင်းစုစည်းတင်ပြမှု၊ ၃၄ နှစ်အကြာမှာလည်း စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်ဆန္ဒပြနေကြရတဲ့အကြောင်း သတင်းထောက်မှတ်စု၊ ထိုင်း မြန်မာဆက်ဆံရေးအကဲခတ် ဦးခွန်ဆိုင်းနဲ့ သီးသန့်မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၂ သြဂုတ်လ ၁၃ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရပါမယ်။
ဗွီအိုအေ မြန်မာညချမ်း
သမ္မဟောင်း ထရမ့် ဥပဒေချိုးဖေါက်မှု ရှိမရှိ တရားရေးဌာနက စုံစမ်းနေတာ၊ မြန်မာနိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှု အခြေနေ ပိုဆိုးလာတာ နဲ့ တရုတ်နဲ့ ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်နေတဲ့ သတင်းတွေ နဲ့အတူ မြန်မာ့လူ့အခွင့်အရေးအခြေနေတင်ပြတဲ့ ဒို့အသံအစီအစဉ်၊ ဦးတင်မောင်သန်းရဲ့ ဒီမိုကရေစီ လူအခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီစဉ်အပြင် ထိုင်းမြန်မာဆက်ဆံရေးအကဲခတ်နဲ့ ဦးခွန်ဆိုင်းနဲ့ ဗီအိုအေတွေ့ဆုံမေးမြန်းခန်းတွေကီု တင်ပြပေးမှာပါ။