TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၁၇ ရက်၊ ၂၀၂၂)
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသ စစ်စခန်းမှာ ပေါက်ကွဲမှုဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ် ချမှတ်တဲ့အပေါ် ပြင်သစ်ရှုတ်ချ၊ ကုလအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အပေါ် NUG သဘောထား၊ စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင် အပတ်စဉ်ကဏ္ဍတွေ ဖြစ်တဲ့ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၇၊ ၂၀၂၂)
ရုရှားတပ်တွေရဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံတွေရှိရာ နေရာတွေကို ရှောင်ရှားကြဖို့နဲ့ သတိကြီးစွာနေထိုင်ကြဖို့ ယူကရိန်းသမ္မတ ပြည်သူတွေကို သတိပေး၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတချို့ဟာ ပြည်ပဖိအားတွေ လက်ခံပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား လက်ခံထားတဲ့ ပဋိညာဉ်စာတမ်းပါ အချက်တွေကို ချိုးဖေါက်နေတယ်လို့ မြန်မာစစ်ကောင်စီပြောခွင့်ရ ဝေဖန်ပြောဆို .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၁၇၊ ၂၀၂၂
ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ဆက်လက်ကူညီသွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Bachelet ကပြောကြား။ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံ။ စစ်ကိုင်း ဧရာဝတီတံတားစစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှု သေဆုံးဒဏ်ရာရသူတချို့ရှိ။ စစ်တပ်ကို စနက်တံတွေ ရောင်းချမှုရပ်ဖို့ Justice for Myanmar အိန္ဒိယကိုတောင်းဆို စတဲ့ သတင်းတင်ပြချက်တွေနဲ့ အပတ်စဉ် အစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။