TV
ဗွီအိုအေ မြန်မာနံနက်ခင်း ( သြဂုတ် ၁၉ ရက်၊ ၂၀၂၂ )
မြန်မာအပါအ၀င် အရှေ့တောင်အာရှက ရုရှားလက်နက်တွေ ၀ယ်နေတဲ့ နိုင်ငံတွေကို ယူကရိန်းက သတိပေး၊ ဟောင်ကောင်သားတချို့ မြန်မာနိုင်ငံမှာ လိမ်ညာစေခိုင်းခံနေရ၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၉၊ ၂၀၂၂)
Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံကို IAEA က လာရောက်စစ်ဆေးနိုင်ဖို့ ရုရှားဘက်က တားဆီးစရာ အကြောင်းမရှိဘူးလို့ ယူကရိန်းသမ္မတပြော၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ပြုလုပ်နေတဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို အနောက်နိုင်ငံတွေက အကြီးအကျယ် ဝေဖန်တာကြောင့် ရုရှားနိုင်ငံ ခြားရေး ဝန်ကြီးLavrov အစည်းအဝေးခန်းမထဲထွက်၊ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကို နောက်ပိုင်း သင့်တော်တဲ့ အချိန်တခုမှာ တွေ့ဆုံခွင့်ပေးမယ်လို့ စစ်ကောင်စီအကြီးအကဲ ပြော
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၁၉ ၊ ၂၀၂၂
စစ်ကောင်စီရဲ့ ဝန်ကြီးအဖွဲ့အပြောင်းအလဲတွေ၊ ကုလကို ဒေါ်စုနဲ့တွေ့ခွင့်ပေးမယ့်အလားအလာနဲ့ နိုင်ငံတွင်းအရေးပေါ်အကူညီ သက်စွန့်ဆံဖျား ဆောင်ရွက်နေသူတွေကို ကုလက ဂုဏ်ပြုတာ၊ ဆားလင်းကြီး ဝမ်ပေါင်ကြေးနီ လုပ်ငန်းတဝိုက်က မြေမြှပ်မိုင်း အန္တရာယ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ကော့ကရိတ်က လုံခြုံရေးအခြေနေတွေ အပြင် အပတ်စဉ်တင်ဆက်နေတဲ့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။