TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၂၃ ရက်၊၂၀၂၂)
အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်ကို ဆိုက်ရောက် ၊ အကြမ်းဖက်မှုစွဲဆိုခံ Imran Khan ကို ပါကစ္စတန်တရားရုံးက ယာယီအာမခံပေး၊ ကားဗုံးခွဲ လုပ်ကြံမှု ယူကရိန်းကို ရုရှားအပြစ်တင် စတဲ့သတင်းတွေနဲ့ မလေးရှားမှာ အထောက်အထားမဲ့ မြန်မာတွေ ၃ဝဝဝ နီးပါ ဖမ်းခံရတဲ့ သတင်းပေးပို့ချက် တို့နားဆင်ကြရမှာပါ။ သီတင်းပတ်စဉ် ကဏ္ဍတွေနဲ့ အနေနဲ့ စီးပွားရေး၊ ဘလောဂါတွေပြောသမျှ၊ သက်တန့်ရောင်သတင်းလွှာ။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၂၃၊ ၂၀၂၂)
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် နေရပ်ပြန်ဖို့ဆိုရင် စစ်ကောင်စီဘက်က လုံခြုံရေးအရ အာမခံချက်ပေးဖို့လိုမယ်လို့ Cox's Bazar ဒုက္ခသည်စခန်းက ခေါင်းဆောင်တဦးက VOA ကိုပြော၊ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာက တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တာမခန် ကျေးရွာအနီး တဝိုက်မှာ ၅၀၀ ကျော်လောက် ဆက်ရှိနေတဲ့အကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြား၊မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ တယ်လီဖုံးဆက် စကားပြောခွင့်ရခဲ့တဲအကြောင်း ဂျပန်သတင်းစာမှာ ရေးသား .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၂၃ ၊ ၂၀၂၂
မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်ရောက်၊ ကရင်ပြည်နယ် မြ၀တီ-ဝေါ်လေလမ်းပေါ်က ကျေးရွာတွေကို စစ်ကောင်စီလကြောင်းက တိုက်ခိုက်၊ ဖားကန့်မြို့အနီးက တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ စားသောက်ရေး အခက်ကြုံ၊ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ပြန်ဖွင့် စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ၊ ISP Myanmar က တင်ဆက်တဲ့ မြင်ကွင်းကျယ်မှတ်စုနဲ့ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်တို့ကို တင်ပြပေးသွားမှာပါ။