TV
၁၉:၀၀ - ၁၉:၂၉
ဗွီအိုအေ တီဗွီမဂ္ဂဇင်း၊ သြဂုတ် ၂၈ ရက်၊ ၂၀၂၂
အိုမီခရွန်ပိုး အားပျော့ပေမဲ့ အထူးဂရုစိုက် ကာကွယ်ဖို့လိုအပ်ဆဲ သတိပေးတဲ့ လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှား ခရီးသွား၊ မက္ကဆီကိုသွားတဲ့ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ သြဂုတ် ၂၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၂၈ ၊ ၂၀၂၂
ထိုင်းနိုင်ငံအတွင်း ကားမှောက်မှုကြောင့် မြန်မာနိုင်ငံသား ၄ ဦး သေဆုံး၊ ရိုဟင်ဂျာတို့ရဲ့ “အိမ်ပြန်ကြဖို့ မျှော်လင့်ချက်” လှုပ်ရှားမှု၊ မြန်မာနိုင်ငံက လူမှောင်ခိုကူးဂိုဏ်းနဲ့ ဆက်စပ်နေသူ ၃ ဦး ထိုင်ဝမ်းအစိုးရ ဖမ်းဆီး၊ ပါကစ္စတန် ရေကြီးမှုကြောင့် လူ တထောင်ကျော်သေဆုံး စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ မြန်မာ့ကမ္ဘာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းတွေထဲကသုတ နဲ့ ထူးခြားဆန်းပြာသတင်းများ တို့ကို တင်ဆက်ပေးသွားမှာပါ။