TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၆ ရက်၊ ၂၀၂၂)
မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေအပေါ် NUG အစိုးရ၀န်ကြီးတဦးရဲ့ သုံးသပ်ချက်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းမှု၊ တက္ကဆက်ပြည်နယ်မှာ မြန်မာမိသားစုကို ဓားနဲ့ထိုးသူ ထောင်ဒဏ် ၂၅ နှစ်ကျ၊ ယဉ်ကျေးမှု ထိခိုက်တဲ့ စွပ်စွဲချက်နဲ့ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံ အရေးယူခံရ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ စတဲ့အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ သြဂုတ် ၆ ရက်၊ ၂၀၂၂
မြန်မာ့အရေးဆွေးနွေးစရာဖြစ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ၊ ထိုင်ဝမ်ကျွန်းပတ်လည်မှာ လုပ်နေတဲ့ တရုတ်စစ်ရေးလေ့ကျင့်မှု၊ ဒီလိုနိုင်ငံတကာသတင်း စုစည်း တင်ပြချက်၊ အကျပ်အတည်းကြားက စီးပွားရေးဦးမော့နိုင်မှာလား သတင်းထောက်မှတ်စု၊ ပြည်တွင်းအခြေအနေအပေါ် PPST အမြင်သီးသန့်မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၂ သြဂုတ်လ ၆ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရပါမယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဩဂုတ် ၆၊ ၂၀၂၂
“မြန်မာကို ကူညီဖို့ လက်လျှော့မည်မဟုတ်” အာဆီယံကိုယ်စားလှယ်ပြောဆို၊ အာဆီယံကနေ မြန်မာ့အရေးဘာတွေမျှော်လင့်စရာရှိလဲ၊ ဂါဇာမှာ စစ်သွေးကြွတွေပစ်မှတ်ထားပြီး အစ္စရေးလေကြောင်းတိုက်ခိုက် စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကြ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်တွေအပြင် PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ဝင် ခွန်ဥက္ကာနဲ့တွေ့ဆုံမေးမြန်းထားတာကိုလည်း ထုတ်လွှင့်တင်ဆက်ပေးပါမယ်။