TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၇ ရက်၊ ၂၀၂၂)
နိုင်ငံရေးလှုပ်ရှားသူတွေ ကွပ်မျက်ခံရမှုကြောင့် မြန်မာ့အရေး ကြိုးပမ်းမှုတွေထိခိုက်ရကြောင်း အာဆီယံအထူးသံတမန်ပြော၊ ယူကရိန်းအရှေ့ပိုင်း မြို့ ၂ မြို့ ရုရှားတပ်တွေ တိုက်ခိုက်၊ စတဲ့ထိပ်တန်းရောက် သတင်းတွေနဲ့အတူ၊ PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် ခွန်ဥက္ကာနဲ့ တွေ့ဆုံမေးမြန်းခန်း၊ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ သြဂုတ် ၇ ရက်၊ ၂၀၂၂
အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာကို ကြိုတင် စစ်ဆေးကာကွယ်နိုင်မယ့်နည်းတွေ ပြောပြမယ့် လူထုနဲ့ကျန်းမာရေး၊ ပါရီမြို့က ကမ်းခြေတုတွေဆီသွားရမယ့် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ သြဂုတ်လ ၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၇ ၊ ၂၀၂၂
မြန်မာ့အကျပ်အတည်း Superman တောင်မဖြေရှင်းနိုင် လို့ အာဆီယံကိုယ်စားလှယ်ပြော၊ မြန်မာ့အရေး ဂျပန်က အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မည်၊ ရုရှားကျူးကျော်စစ်ဒဏ်ကနေ လွတ်မြောက်ဆဲ ပြန်လည်ပြုစုရေးစင်တာ၊ ယူကရိန်းနိုင်ငံထဲက စစ်ဒဏ်သင့်တိရိစ္တာန်ကုသရေးဆေးရုံ စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတ၊ ထူးခြားဆန်းပြားသတင်းများ တို့ကို တင်ဆက်ပေးသွားမှာပါ။