TV
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၂ ရက်၊ ၂၀၂၂)
ယူကရိန်း နျူကလီးယား ဓာတ်အားပေးစက်ရုံကို ကုလကျွမ်းကျင်သူအဖွဲ့ရောက်ရှိ၊ ဂိုဗာချော့ဗ်ဈာပန ရုရှားသမ္မတပူတင် တက်နိုင်မည်မဟုတ်၊ မြန်မာနိုင်ငံဗဟိုဘဏ် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မယ့် အစီအစဉ်နဲ့ ဈေးကွက်အလားအလာ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၀၂၊ ၂၀၂၂)
မြန်မာနိုင်ငံမှာ ပြည်တွင်း ရွှေဈေးနှုန်း တည်ငြိမ်ရေးအတွက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေဒင်္ဂါးပြားတွေကို ဒီရက်ပိုင်းအတွင်းစတင်ရောင်းချပေးမယ့်အကြောင်း စစ်ကောင်စီ ပြော၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ရွေးကောက်ပွဲ မဲမသမာမှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း Vicky Bowman နဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကို လူဝင်မှုကြီးကြပ်ရေးဥကဒေ ချိုးဖေါက်မှုနဲ့ အလုပ်နဲ့ ထောင်ဒဏ်တနှစ်စီချ
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၂၊ ၂၀၂၂)
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်၊ ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ၊ ရွှေကျင်နဲ့ ကျောက်ကြီးဒေသ တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲ နောက်ဆုံးအခြေအနေ အပြင် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍတွေကို နားဆင်ရှုစားရပါမယ်။