TV
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၃ ရက်၊ ၂၀၂၂)
ယူကရိန်း နျူကလီးယားစက်ရုံ အခြေအနေ ကုလလုံခြုံရေးကောင်စီကို စုံစမ်းရေးအဖွဲ့ တင်ပြမည်၊ ဗြိတိန်သံတမန်ဟောင်းကို ထောင်ချလိုက်တဲ့အပေါ် ကုလဝေဖန်၊ စစ်ကောင်စီလက်ထက် ငြိမ်းချမ်းရေး အလားအလာ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ စတဲ့အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ စက်တင်ဘာ ၃ ရက်၊ ၂၀၂၂
မြန်မာငွေဈေးကျဆင်းမှု သက်သာဖို့ ငွေကြေးထောက်ကူ လုပ်ဆောင်မှုတွေ ဘာတွေရှိ၊ ယူကရိန်းက နျူကလီးယားစက်ရုံ ဘေးကင်လုံခြုံရေး၊ နှစ်ရှည်ထောင်ဒဏ်ချခံရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း ကတော်၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ တိုက်ပွဲတွေကြောင့် အထိနာနေရတဲ့ အရပ်သားဒေသခံတွေရဲ့ အကြပ်အတည်း သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ စက်တင်ဘာလ ၃ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၃၊ ၂၀၂၂)
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် ၃ နှစ် ထပ်ချမှု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကန် ရှုတ်ချ၊ စစ်ကောင်စီအကြီးအကဲ ရုရှားသွားမည်၊ ကွယ်လွန်သူ ဂိုဗာချော့ဗ်ကို ဂါရဝပြုဖို့ လူသောင်းချီ တန်းစီ..စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် ဒို့အသံအစီအစဉ်၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်း စုစည်းချက်တွေကို တင်ဆက်ထားပါတယ်။