လကမ္ဘာပေါ် စူးစမ်းလမ်းလျှောက်မယ့် Spirit စက်ရုပ် - ခြေလေးချောင်းပါတဲ့ စက်ရုပ်တမျိုးကို အမေရိကန်သိပ္ပံပညာရှင်တွေက တီထွင်ထားပြီး၊ လကမ္ဘာပေါ် လမ်းလျှောက် နိုင်အောင်လို့ အော်ရီဂန်ပြည်နယ်က ထောင်ထိပ်တခုပေါ်မှာ စမ်းသပ် လေ့ကျင့်နေပါတယ်။ Reuters သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို လုံခြုံရေးဆိုင်ရာ အကူအညီပေးမယ့် ဒေါ်လာ ၉၅ ဘီလီယံပါ အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်က မနေ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ မဲခွဲ အတည်ပြုလိုက်ပြီးတဲ့နောက် သမ္မတ Joe Biden က ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ လက်မှတ်ထိုး အတည်ပြုပေးတော့မှာ ဖြစ်ပါတယ်။
မြန်မာ၊ ဆူဒန်နဲ့ အီသီယိုးပီးယားနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ တိုးပွားလာနေသလို၊ ဂါဇာနဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း နိုင်ငံတကာဥပဒေတွေ ပျက်ပြားလုနီးပါးဖြစ်နေတယ်လို့ (Amnesty International) က ဒီနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာအက်ပ်တခုဖြစ်တဲ့ TikTok ကို မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ပိုင် ByteDance ကနေ ၉ လအတွင်း ခွဲထွက်ရင်ထွက် ဒါမှမဟုတ် အမေရိကန်ဈေးကွက်မှာ တားမြစ်မယ့် ဥပဒေကို အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့နှောင်းပိုင်းမှာ မဲခွဲအတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ဖွင့်မပြောရဲအောင် နှုတ်ပိတ်ဖို့ အသက်ကိုရန်ရှာတဲ့ တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့နှစ်မှာ မကြုံစဖူး တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖေါ်ပြပါတယ်။
ဗြိတိန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ဒီဆယ်စုအကုန်မှာ တမျိုးသားလုံးထုတ်ကုန်တန်ဖိုး ရဲ့ ၂.၅ ရာနှုန်းအထိ တိုးမြှင့်မယ်လို့ ကြေညာလိုက်ပြီး ယူကရိန်းကို နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ဖိုး စစ်ရေးအကူအညီပေးမယ်လို့ ပြောလိုက်ပါတယ်။
အစ္စရေးကို ဟာမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့တာ ရက်ပေါင်း ၂၀၀ ပြည့်လာချိန်မှာပဲ ဂါဇာကမ်းမြှောင်ဒေသမှာ ဟာမတ်စ်တွေ ဆက်လက်ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ အနောက်နိုင်ငံတွေက သံတမန်တွေ ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
ရှေ့လထဲမှာကျရောက်မယ့် မလေးရှား ရေတပ်ရဲ့ နှစ် ၉၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအတွက် မြောက်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း ပျက်ကျတာလို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့လူ့အခွင့်အရေးအတွက် စိုးရိမ်စရာ အထင်ကရဖြစ်ရပ်တွေထဲမှာ ရုရှားယူကရိန်းကျူးကျော်စစ်၊ ဆူဒန်ပြည်တွင်းစစ်နဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲတွေ ပါဝင်တယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်းကြီး Antony Blinken ကပြောပါတယ်။
NASA အာကာသစူးစမ်းရေးဌာနနဲ့ Space X အာကာသကုမ္ပဏီတို့ဟာ ကမ္ဘာကြီးရဲ့ကျန်းမာရေးကိုလေ့လာစူးစမ်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတခုကိုစတင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်က လုပ်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ်အနိုင်ရခဲ့တဲ့ သမ္မတဟောင်း Joko Widodo ရဲ့ သားကြီးဖြစ်သူကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးခဲ့တဲ့အပေါ် တရားစွဲဆိုမှုကို အင်ဒိုနီးရှား ဖွဲ့စည်းပုံတရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
အီရန်နဲ့ အစ္စရေးကြားက တင်းမာမှုတွေအပါအ၀င် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး ပါကစ္စတန်နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အီရန်သမ္မတ Ebrahim Raisi ဟာ ပါကစ္စတန်နိုင်ငံကို ရောက်ရှိနေပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေး၊ စွမ်းရည်နဲ့ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုပါ ဆွေးနွေးဖို့ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်