ဘီဘီစီမြန်မာပိုင်းရဲ့ ခေါင်းစဉ်သတင်းတွေကို Frontier Myanmar ဝက်ဆိုက်မှာ ဖတ်နိုင်ပြီ

Frontier Myanmar
ဓာတ်ပုံ ပုံစာ, Frontier Myanmar

ဘီဘီစီက မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ဘီဘီစီမြန်မာပိုင်း ဝက်ဘ်ဆိုက် bbc.com/burmese က တင်ဆက်နေသော နောက်ဆုံးရသတင်းများ၏ သတင်းခေါင်းစဉ်များကို Frontier Myanmar ဝက်ဘ်ဆိုက်၏ ပင်မစာမျက်နှာတွင် ဖတ်ရှုနိုင်ကြပါပြီ။ ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည့် ဘီဘီစီသတင်းခေါင်းစဉ် ၁၀ ခု မှတဆင့် သတင်းအပြည့်အစုံကိုလည်း ဆက်လက် ဖတ်ရှုနိုင်မှာ ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အဖြစ်အပျက်များအား သတင်းများ၊ ဆောင်းပါးများ၊ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်မှုများဖြင့် ဖော်ပြပေးနေသော အင်္ဂလိပ်ဘာသာဖြင့် အပတ်စဉ်ထုတ် Frontier Myanmar မဂ္ဂဇင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ပထမဆုံး ပုံနှိပ်ဖြန့်ချိခဲ့သည်။ Black Knight မီဒီယာအုပ်စုတွင် လျင်မြန်စွာ ကြီးထွားလာနေသော ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်လွှင့်နေသည်။ ထို့အပြင် ဖတ်ရှုသူများအတွက် အကောင်းဆုံးသော အကြောင်းအရာများ ပါဝင်သည့် Digital Edition ကိုလည်း ဖြန့်ချိနေသည်။

Frontier သည် ၂၀၁၇ ခုနှစ်၊ ဇွန်လက Society of Publishers in Asia ၏ ဓါတ်ပုံဆုရရှိခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် သတင်းတင်ဆက်မှုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မဂ္ဂဇင်း၏ အကြီးတန်း ဂျာနယ်လစ်ဖြစ်သူ မြတ်ကျော်သူသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအကြောင်း ရဲဝံ့စွာ သတင်းရေးသားခဲ့မှုများအတွက် AFP ၏ Kate Webb ဆုကို ရရှိခဲ့သည်။