BBC News, မြန်မာ - ပင်မစာမျက်နှာ
Top Stories
ယူကရိန်းကို Patriot ဒုံးကျည်တွေ ပင်တဂွန် အမြန်ဆုံးပို့မယ်
Patriots ဒုံးပစ်စင်တစ်ခုဟာ ဒေါ်လာ တစ်ဘီလီယံလောက်ကုန်ကျပြီး ဒုံးကျည်တစ်စင်းဟာလည်း ဒေါ်လာ လေးဘီလီယံနီးပါးကုန်ကျပါတယ်။
ကိုးကန့်က သေဒဏ်စီရင်မှု ဘယ်လို အဓိပ္ပါယ်ဆောင်သလဲ
သေဒဏ်စီရင်မှုကို ဒရုန်း နဲ့ ရိုက်ပြပြီး လာကြည့်သူတွေကလည်း ခေတ်ပေါ်စမတ်ဖုန်းတွေ နဲ့ ရိုက်ကူးခဲ့ကြပေမယ့် ဒါက တရုတ်နိုင်ငံမှာ နှစ်ပေါင်းများစွာက ကျင့်သုံးခဲ့တဲ့ နည်းနာဟောင်းကို အမွေဆက်ခံထားတာပဲ ဖြစ်ပါတယ်။
တရုတ်နဲ့ အမေရိကန် ပြိုင်ဘက်ထက် မိတ်ဖက်ဖြစ်ဖို့လိုတယ်လို့ သမ္မတ ရှီကျင်းပင်ပြော
ယူကရိန်းစစ်မှာ အသုံးချတဲ့ ပစ္စည်းတွေကို ရုရှားထံ တရုတ်ကုမ္ပဏီတွေ ပံ့ပိုးနေတာရပ်ဖို့ ဝန်ကြီးဘလင်ကင် တရုတ်အစိုးရကို တောင်းဆို
စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဘေဂျင်းကိုရောက်နေ
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့တွေ့စဉ်မှာ စစ်ကောင်စီရဲ့ ကျားဖြန့်နိမ်နင်းရေးပူးပေါင်းဆောင်ရွက်မှုကို တရုတ်ဘက်က ကျေနပ်ကြောင်းပြသခဲ့တဲ့သတင်းအပါအဝင် ဧပြီ ၂၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
တူမီးသေနတ်နဲ့စတင်တဲ့ မင်းတပ်တော်လှန်ရေး ဘယ်လောက်ခရီးပေါက်ပြီလဲ
ချင်းပြည်နယ်၊ မင်းတပ်က လူငယ်တွေ အမဲလိုက်တူမီးသေနတ်နဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးတိုက်ပွဲဝင်လာတာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်မှာ ၃ နှစ်ပြည့်ပြီဖြစ်ပါတယ်။
အမေရိကန်နာမည်ကျော် တက္ကသိုလ်တွေမှာ ပါလက်စတိုင်းကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေ
အမေရိကတက္ကသိုလ်တွေမှာ ပေါ်ပေါက်နေတဲ့ အစ္စရေးရဲ့ ဂါဇာစစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူတွေ ရာချီ အဖမ်းခံရ
ယူကရိန်းမှာ ဘယ်လက်နက်ပြတ်လပ်နေပြီး ဘယ်လိုအကူအညီရနေလဲ
ယူကရိန်းကို စစ်ရေးဆိုင်ရာအကူအညီ ဒေါ်လာ ၆၁ ဘီလျံအထိ အကူအညီထပ်ပေးဖို့ အမေရိကန် လွှတ်တော်နှစ်ရပ်စလုံးက မဲပေးဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ကိုးကန့်တပ်က လောက်ကိုင်မှာ အမျိုးသားအချို့ကို သေဒဏ်ပေး
ရှမ်းပြည်နယ် လောက်ကိုင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ကိုးကန့်တပ် MNDAA ရဲ့ ပထမဆုံးအကြိမ် သေဒဏ်ပေးတဲ့သတင်းအပါအဝင် ဧပြီ ၂၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း - ဖိအားတွေအောက်က ကြည်းတပ်ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အငြိမ်းစားယူရင် တပ်ချုပ်ဖြစ်လာမယ့်လူလို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ဒုချုပ်ရာထူးမှာပဲ ၁၃ နှစ်တောင် ရှိနေပါပြီ။
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်ကို စစ်ရေး အစုလိုက်အပုံလိုက် ထောက်ပံ့တဲ့ ဥပဒေကို အမေရိကန် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု
အမေရိကန် လုံခြုံရေးနဲ့ အနောက် ဒီမိုကရေစီကို အကာအကွယ်ပြုပေးမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက် အဖြစ် ဒီမိုကရက် ဆီနိတ်တာ ခေါင်းဆောင်ပြော
မဲဆောက် - ထွက်ပြေးမြန်မာတွေ၊ တော်လှန်သူတွေ၊ စိုးထိတ်မှုတွေနဲ့ပြည့်နေတဲ့မြို့
မဲဆောက်ဟာ စစ်အာဏာသိမ်းမှုကနေ ထွက်ပြေးလာတဲ့မြန်မာတွေအတွက် လွယ်လွယ်ကူကူ ကွန်းခိုဖို့ရာမဖြစ်နိုင်တဲ့မြို့ငယ်တစ်မြို့ ဖြစ်နေပါတယ်။
အထူးစာမျက်နှာ
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
၂၀၂၄ အိန္ဒိယရွေးကောက်ပွဲ-ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲရဲ့ သိသင့်တဲ့ထူးခြားချက်တွေ
မဲပေးခွင့်ရှိသူ ၉၆၉ သန်း မဲပေးကြမယ့် ၂၀၂၄ အိန္ဒိယရွေးကောက်ပွဲဟာ ကမ္ဘာမှာကျင်းပခဲ့ဖူးသမျှ ရွေးကောက်ပွဲတွေထဲမှာ အကြီးဆုံးပါ။ လက်ရှိဝန်ကြီးချုပ် မိုဒီရဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။
ပြန်ပေးဆွဲဂိုဏ်းတွေ သောင်းကျန်းနေတဲ့ မူဆယ်
လက်နက်တွေ အလွယ်တကူရနိုင်ပြီး တရားဥပဒေစိုးမိုးမှုအားနည်းနေတဲ့ တရုတ်မြန်မာ နယ်စပ်မြို့မှာ လုပ်ငန်းရှင်တွေက ပြန်ပေးဂိုဏ်းတွေရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရတာပါ။ တောမီးလောင်ချိန် တောကြောင်လက်ခမောင်းခတ်တဲ့ အခြေအနေကိုရင်ဆိုင်နေရတယ်လို့ မူဆယ်မြို့ခံတွေကပြောပါတယ်။
တပ်မြို့ပြင်ဦးလွင် ရှော့တိုက်ဒုံးတိုက်ခိုက်ခံရမှု ဘယ်လိုဖြစ်ခဲ့လဲ
တပ်မြို့လို့ အများက ခေါ်ကြတဲ့ပြင်ဦးလွင်မှာ ဧပြီလ ၁၅ ရက်ညပိုင်းတုန်းက ရှော့တိုက်ဒုံးဆယ်နဲ့ချီ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။
စစ်အာဏာသိမ်း ၄ နှစ်မြောက်မှာကျရောက်တဲ့သင်္ကြန် ပြန်လည်စည်ကားလာသလား
၂၀၂၄ ခုနှစ် မြန်မာ့အတာသင်္ကြန်ပွဲတော်ဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေတဲ့ မြို့ကြီးတွေနဲ့မြို့ငယ်တွေမှာ အာဏာသိမ်းပြီးနှစ်တွေကထက် စည်ကားလာတာမြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ရာအရပ်တွေမှာရော သင်္ကြန်ဘယ်လိုကျကြလဲ၊ မြန်မာတွေရဲ့ သင်္ကြန်ကို ဘယ်လိုဆင်နွှဲနေကြလဲ... စုစည်းရေးသားထားပါတယ်။
ရခိုင်ပြည်နယ်ကို အေအေ ဘယ်လောက် ထိန်းချုပ်ထားနိုင်ပြီလဲ
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့ကနေ စတင်ခဲ့တဲ့ ဒုတိယအကြိမ် တကျော့ပြန်တိုက်ပွဲတွေဟာ ဧပြီ ၁၃ ရက်နေ့မှာ ၅ လပြည့်ပြီဖြစ်ပါတယ်။