ဘီဘီစီနှင့် ပူးတွဲ ဝန်ဆောင်မှုများ

ဘီဘီစီ မြန်မာပိုင်းရဲ့ သတင်းတွေကို မြန်မာပြည်တွင်းမှာ မိုဘိုင်းဖုန်းက တဆင့်လည်း မှာယူ နားဆင်နိုင်ကြပါတယ်။ လူထုဆီကို သတင်းတွေ ပိုမို ရောက်ရှိစေနိုင်ဖို့ ပြည်တွင်း ကုမ္ပဏီတစ်ခုနဲ့ ပူးတွဲ တင်ဆက်တာ ဖြစ်ပါတယ်။ လောလောဆယ် ဖုန်းကတဆင့် ဖြန့်ဝေတဲ့ သတင်းတွေကို အောက်ဖော်ပြပါ ကုမ္ပဏီကတဆင့် မှာယူနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း FM ရေဒီယိုတွေကနေလည်း ပရိသတ်အကြိုက် ဘီဘီစီရဲ့ အစီအစဉ်တချို့ကို ဖမ်းယူနားဆင် နိုင်ကြပြီ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း

-

Blue Ocean Operating Management ကုမ္ပဏီ

Blue Ocean Operating Management ကုမ္ပဏီသည် ၂၀ဝ၉ ခုနှစ်တွင် မြန်မာပြည်၏ ပထမဦးဆုံးသော M188 Mobile Applications Service ကို စတင် မိတ်ဆက်ပေးခဲ့သည့် ကုမ္ပဏီ ဖြစ်ပါသည်။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူများအတွက် ဖုန်းကတဆင့် သတင်း အချက်အလက် ရယူနိုင်သည့် ဝန်ဆောင်မှု ဖြစ်ပါသည်။ ဆက်လက်ပြီး နိုင်ငံခြားသား ခရီးသွားများအတွက် SIM ကဒ် ငှားရမ်းသည့် Mobile Rental Service လုပ်ငန်းကို စတင် ခဲ့သည့်အပြင် ၂၀၁၁ ခုနှစ်တွင် ပြည်သူများအတွက် ပထမဦးဆုံးသော ရတနာပုံ Call Centre (One Stop Information Call Centre) ကို ဖွင့်လှစ်ကာ ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဖြစ်သည်နှင့်အညီ Telecom Industry တွင် နည်းပညာ အခြေပြု တီထွင်ဆန်းသစ်မှုများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဘီဘီစီ မြန်မာပိုင်းနှင့် ပူးတွဲ၍ ဘီဘီစီ၏ နောက်ဆုံးရသတင်းများကို ဖုန်းကနေ အလိုအလျောက် ခေါ်ဆို ပေးပို့သည့် လုပ်ငန်းကိုလည်း စတင်လျက် ရှိပါသည်။ ၂၀၁၃ ဇွန်လ ၃ ရက်မှ စတင်ပြီး မနက် ၈ နာရီနှင့် ညနေ ၆:၃၀ မှာ ၁ ရက်လျင် ၂ ကြိမ် ဝန်ဆောင်မှု ပေးလျက် ရှိပါသည်။ ရန်ကုန် ဖုန်းနံပါတ် ၀၁-၂၃ ၉၉ ၆၀၀ ကို ခေါ်ဆိုပြီး အသေးစိတ် စုံစမ်း နိုင်ကြပါသည်။

----------------------------

ရေဒီယို

-

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့က “ဗမာ့အသံ” အမည်ဖြင့် မွေးဖွားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အစောဆုံး မီဒီယာဌာန အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် “ဗမာ့အသံ” အမည်မှ “မြန်မာ့အသံ” အမည်သို့ ပြောင်းလဲခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြန်မာ့အသံကို ပြန်ကြားရေးဌာနခွဲနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနအဖြစ်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင် ရောင်စုံရုပ်မြင်သံကြား စမ်းသပ် ထုတ်လွှင့်မှုကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန ဟူသော အမည်မှ မြန်မာ့ ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန MTRD ဟူ၍ ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဌာနအမည်ကို လက်ရှိသုံးစွဲလျက်ရှိသည့် “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” Myanma Radio and Television (MRTV) ဟု ပြောင်းလဲခဲ့သည်။ မြန်မာ့အသံ ရေဒီယို၏ အသံလွှင့်ချိန်များကို နံနက်(၀၅:၀၀)နာရီမှ ည(၂၃:၀၀) နာရီအထိ ထုတ်လွှင့်နေပြီး၊ တိုင်းရင်းသားဘာသာ အသံလွှင့် အစီအစဉ်များကိုလည်း နံနက် (၁၅:၃၀) နာရီမှ ည(၂၃:၃၀) နာရီအထိ တိုင်းရင်းသားဘာသာ(၁၇)ဘာသာကို ထုတ်လွှင့်ပေးလျက်ရှိသည်။ မြန်မာ့ရုပ်မြင်သံကြား MRTV ကို ယခင်က Channel တစ်ခုတည်း ထုတ်လွှင့်ခဲ့ရာမှ ၂၀၁၅ ခုနှစ်မှ စတင်ကာ Entertainment Channel နှင့် MRTV News Channel ဟူ၍ Channel နှစ်ခုဖြင့် ထုတ်လွှင့်ခဲ့သည်။ ပြည်သူကို အခြေပြုသည့် အစီအစဉ်သစ်များ ထုတ်လွှင့်နိုင်ရန်အတွက် BBC media action၊ VOA၊ ABC ၊ DVB ၊ RFA ၊ DW၊ IMS ၊ CRI ၊ NHK ၊ JICA စသည့် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများ ၊ မဇ္စျိမ၊ မြစ်မခ ၊ Blue Ocean Co.Ltd စသည့် ပြည်တွင်း မီဒီယာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

ရွှေ FM

ရွှေFM သည် ၂၀၀၉ ခုနစ် အောက်တိုဘာမှ စ၍ အချိန်နှင့် တပြေးညီ မြန်မာ့သတင်း၊ ကမ္ဘာ့သတင်း၊ မိုးလေဝသ သတင်းနှင့် ရွှေသတင်းစုံ စသည့် သတင်းအချက်အလက်စုံများ ထုတ်ပြန်ပေးခြင်း၊ အသိပညာ၊ အတတ်ပညာများ ဖြန့်ဝေပေးလိုသော စေတနာမှန်ခြင်း၊ အနုပညာရသ ပြည့်ဝကောင်းမွန်သော အစီအစဉ်များဖြင့် ဖျော်ဖြေမှုရသများ ပေးဝေခြင်း၊ ခေတ်ပြိုင်ခေတ်ပေါ် အနုပညာ ရွှေကြယ်ပွင့်များနှင့် ရွှေ FM ပရိတ်သတ်များသည် လေလှိုင်းမှတဆင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခင်မင်မှုများ ရစေခြင်း၊ ရွှေဒေသမှ ပြည်သူတို့၏ အသံများကို ရွှေFM မှ ပြန်လည် နားသောတဆင်နိုင်ခြင်း၊ ရွှေပရိသတ်များ ကျေနပ်နှစ်သက်အားရစွာ ထာဝစဉ် နားဆင်လိုသော အသံလွင့်ဌာနတစ်ခု ဖြစ်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများနှင့် သုတ၊ ရသ၊ ကဏ္ဍအဖုံဖုံ စုံလင်စွာဖြင့် စေတနာအရင်းခံကာ ကြိုးစား ထုတ်လွှင့်ပေးနေပါသည်။

ပတ္တမြား FM

ပတ္တမြား FM ရေဒီယို အသံလွှင့် အစီအစဉ်ကို ၂၀၀၉ ခုနှစ်က စတင် ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်း FM ရေဒီယို ပရိသတ်အကြား အလျင်အမြန် နာမည်ကျော် လူသိများ လာခဲ့ပါတယ်။ ရန်ကုန် အခြေစိုက် ပတ္တမြား FM ဟာ မြန်မာနိုင်ငံ တလွှား နေရာ ၁၂ ခုမှာ ထပ်ဆင့် လွှင့်ရုံတွေ ထားရှိပါတယ်။ သောတရှင်များ အတွက် တေးဂီတ၊ ဖျော်ဖြေမှုနဲ့ ပညာရေး အစီ အစဉ်တွေ ထုတ်လွှင့်ပေးနေပါတယ်။ နောက်ဆုံးရ ဒေသတွင်း သတင်းတွေနဲ့ နိုင်ငံတကာ အရေကြီး သတင်းတွေကိုလည်း ထုတ်လွှင့်ပေး နေတဲ့ ပတ္တမြား FM ကို အခုဆိုရင် နားဆင် သူ ၁၅ သန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ရုပ်ရှင် ဂီတ သဘင် တို့ရဲ့ ခေတ်နဲ့ အညီ ပြောင်းလဲနေတဲ့ အခြေ အနေတွေနဲ့ အတူ နာမည်ကျော် ပုဂ္ဂိုလ်တွေနဲ့ နောက်ဆုံးရ တွေ့ဆုံ မေးမြန်းခန်း တွေကိုလည်း သောတရှင်တွေ အတွက် အချိန်နဲ့ တပြေးညီ တင်ဆက် ပေးနေပါတယ်။

----------------------------

ဆိုရှယ်မီဒီယာ

-

ဒို့မြန်မာ

ဒို့မြန်မာ ဆိုသည်မှာ မြန်မာနိုင်ငံသားများ ဖွဲ့စည်း တည်ထောင်ထားသော မြန်မာပြည်၏ ပထမဦးဆုံး လူမှုကွန်ရက် တစ်ခုဖြစ်ပါသည်။ မြန်မာလူမျိုးများအားလုံး ကမ္ဘာတစ်ဝန်းမှ သတင်းစုံများ၊ တိကျမှန်ကန်သော ပြည်တွင်း သတင်းများကို တစ်နေရာတည်းတွင် အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ရန်၊ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး မြန်မာလူမျိုး တစ်ဦးချင်းစီ၏ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ဒို့မြန်မာတွင် ပြည်တွင်းပြည်ပ သတင်းများကို အချိန်နှင့် တပြေးညီ တစ်နေရာတည်းတွင် ဖတ်ရှုလေ့လာခွင့် ရရှိပါမည်။ Web Version နဲ့ Mobile App နှစ်ခုလုံး အသုံးပြုနိုင်ပါသည်။ Web Version အတွက် www.doemyanmar.com မှ လည်းကောင်း Mobile App ကို Google Play Store မှလည်းကောင်း၊ ဒို့မြန်မာ မှလည်းကောင်း ဒေါင်းလုတ် ရယူ အသုံးပြုနိုင်ပါသည်။

ဘီဘီစီ မြန်မာပိုင်း အနေနဲ့ ယုံကြည်စိတ်ချရပြီး အရည်အသွေးကောင်းမွန်တဲ့ သတင်းဌာနတွေ၊ သတင်း ဖြန့်ချိသူတွေနဲ့ ပူးတွဲပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်။ ဘီဘီစီနဲ့ ပူးတွဲပြီး သတင်းတွေ တင်ဆက်ဖို့ စိတ်ဝင်စားရင် [email protected] အီးမေးလ်ကို ဆက်သွယ်ပြီး အကြောင်းအရာ (Subject) မှာတော့ Partners လို့ ရေးပြီး ပေးပို့ နိုင်ကြပါတယ်။