ကိုယ်ရေးအချက်အလက် လုံခြုံမှု

ဘီဘီစီအင်တာနက်ဝက်ဘ်ဆိုက်ကို အသုံးပြုတဲ့အခါ သင်နဲ့ သင့်မိသားစုရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘီဘီစီအနေနဲ့ ကာကွယ်စောင့်ရှောက် သွားမှာဖြစ်ပါတယ်။ ဘီဘီစီက ပေးနေတဲ့ ဝန်ဆောင်မှုတွေ အပြည့်အဝ ပေးနို်ဖို့ အတွက် သင့်ကိုယ်ရေးအချက်အလက် တချို့ကို ဘီဘီစီကရယူဖို့ တခါတလေ လိုအပ်ပါလိမ့်မယ်။ သင်က ပေးတဲ့ အချက်အလက်တွေကို အသုံးပြုတဲ့အခါမှာ ပုဂ္ဂလိကအချက်အလက်တွေ အသုံးပြုတဲ့အခါမှာ လိုက်နာရတဲ့ ၁၉၉၈ခုနှစ် အချက်အလက် ကာကွယ် စောင့်ရှောက်ရေး ဥပဒေ အပါအဝင် UK ဥပဒေတွေနဲ့ အညီ ဘီဘီစီက လိုက်နာ ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဘီဘီစီဝက်ဘ်ဆိုက်တွေမှာ အပြင်ကအင်တာနက်ဆိုက်တွေဆီ ချိတ်ပေး ထားတဲ့ လင့်တွေလည်း ပါဝင်တတ်ပါတယ်။ ပြင်ပ ဆိုက်တွေမှာပါဝင်တဲ့ အကြောင်းအရာတွေကို ဘီဘီစီက တာဝန်မယူပါ၊ ကိုယ့်သဘောနဲ့ ကိုယ် တာဝန်ယူပြီး ကြည့်ရန်ဖြစ်ပါတယ်။ ဘီဘီစီက သင်နဲ့ ပတ်သက်တဲ့ ဘယ်အချက်တွေကို ရယူပါသလဲ။ ဘီဘီစီကပေးနေတဲ့ ဝန်ဆောင်မှုတွေ ရယူဖို့ သင်တောင်းခံတဲ့ အခါမှာ သင့်ကိုယ်ရေးအချက်တချို့ကိုလဲ ဘီဘီစီကတောင်းနိုင်ပါတယ်။ အဲဒီအချက်တွေကတော့ သင့်အမည်၊ အီးမေးလ်လိပ်စာ၊ စာပို့နိုင်တဲ့လိပ်စာ၊ တယ်လီဖုံးနံပါတ်နဲ့ မွေးနေ့တို့ဖြစ်ပါတယ်။ သင့်ကိုယ်ရေးအချက်အလက်တွေကို ရေးထဲ့ပေးလိုက်ခြင်းအားဖြင့် သင်တောင်းခံထားတဲ့ ဝန်ဆောင်မှုတွေကို ဘီဘီစီနဲ့ ဘီဘီစီအတွက် ဝန်ဆောင်မှုပေးနေတဲ့ ဌာနတွေက သင့်ကိုပေးနို်မှာ ဖြစ်ပါတယ်။ ဘီဘီစီကလည်း ကွတ်ကီးများကို အသုံးပြုပါတယ်။ ကွတ်ကီးဆိုတာက သင် အင်တာနက်မှာ ဘယ်လို သုံးစွဲတတ်တယ်ဆိုတာကို မှတ်သားထားတဲ့ အချက်အလက် အစုကလေး ဖြစ်ပါတယ်။ ကွတ်ကီးတွေကို သုံးပြီး ဝက်ဘ်ဆိုက်တွေသင့်စိတ်ကြိုက် ကြည့်နိုင်အောင် ဘီဘီစီက စီစဉ်နိုင်မှာဖြစ်ပါတယ်။ သင့် ဝက်ဘ် browser မှာ ကွတ်ကီးတွေ လက်ခံဖို့၊ လက်မခံဖို့၊ ကွတ်ကီးသုံးပြီ ဆိုရင် အသိပေးဖို့ ချိန်ထားနိုင်ပါတယ်။ အလားတူပဲ ဘီဘီစီက IP လိပ်စာတွေလည်း မှတ်သားပါတယ်၊ IP လိပ်စာဆိုတာက ကွန်ပြူတာတလုံးကို သီးသန့်ခွဲခြားပြီး သိနိုင်တဲ့ ကိန်းဂဏန်းအစု ဖြစ်ပါတယ်။ ဘီဘီစီက IP လိပ်စာတွေနဲ့ ကွတ်ကီးတွေကို အထူး ဆော့ဖ်ဝဲယားကို သုံးပြီး ပိုင်းခြားလေ့လာပါတယ်။ ဒီနည်းနဲ့ အသုံးပြုသူ သင့်အတွက် ပိုပြီး အဆင်ပြေအောင် စီစဉ်ပေးနိုင်မှာပါ။ ဒါပေမယ့် ဒီသတင်းအချက်အလက်တွေကို သုံးပြီး သင့်အကြောင်းသီးသန့် မှတ်သားထားမှာ မဟုတ်ပါဘူး။ သင်ဝင်ကြည့်ခဲ့တဲ့ ဆိုက်တွေအကြောင်းမှတ်သားထားချက်ကိုလည်း ပုံမှန်ဖျက်သွားမှာပါ။ သင် ဘီဘီစီရဲ့ ဝန်ဆောင်မှုတွေကို ယူကေနိုင်ငံတွင်းက ရယူနေသလား၊ ဒါမှမဟုတ် ပြင်ပကလားဆိုတာ IP လိပ်စာကို ကြည့်ပြီး သိနိုင်မှာ ဖြစ်ပါတယ်။ သင်ဟာ အသက် ၁၆ နှစ်မပြည့်သေးရင် ဘီဘီစီရဲ့ ဝက်ဘ်ဆိုက်မှာ သင့် ကိုယ်ရေးအချက်အလက်တွေ မပေးခင် သင့်အုပ်ထိန်းသူ ဆီက ခွင့်ပြုချက်ယူဖို့လိုပါလိမ့်မယ်။ သင့်အကြောင်း ရယူထားတဲ့ အချက်အလက်တွေကို ဘီဘီစီက ဘယ်လို သုံးပါသလဲ။ သင့်ကိုယ်ရေးအချက်အလက်တွေကို ဘီဘီစီရဲ့ ဝန်ဆောင်မှုကို ရယူနေတဲ့ ကိစ္စမှာပဲ သင်နဲ့ ဆက်သွယ်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ဘီဘီစီက လျှို့ဝှက်ထားမှာဖြစ်ပြီး ဥပဒေကခွင့်ပြုတဲ့အတိုင်း လိုအပ်မှသာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ သင်က ဘီဘီစီ အင်တာနက်ဆိုက်ပေါ် မှာဖြစ်စေ၊ ဘီဘီစီကို ဖြစ်စေ မသင့်တော်တဲ့ အကြောင်းအရာတွေပေးပို့လာရင်၊ ဘီဘီစီလုပ်ငန်းတွေကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမူတွေလုပ်လာရင် သင့်ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုပြီး အဲဒီအပြုအမူတွေရပ်သွားအောင် ဘီဘီစီက လုပ်နိုင်ပါတယ်။ ဘီဘီစီက သင့် ကိုယ်ရေးအချက်အလက်တွေကို ဘယ်လောက် ကြာအောင် သိမ်းထားမှာလဲ သင်ဘီဘီစီက ဝန်ဆောင်မှုရယူနေသ၍ သင့်တော်တဲ့ အချိန်အထိ အဲဒီအချက်အလက်တွေကို သိမ်းထားမှာဖြစ်ပါတယ်။ သင်က ဘီဘီစီမှာ အသုံးပြုဖို့ ပေးပို့တဲ့ အကြောင်းအရာတွေရှိလာရင်တော့ ပေးပို့တဲ့ မူလ ရည်ရွယ်ချက်အတိုင်း လိုအပ်တဲ့ အချိန်အထိ သိမ်းထားမှာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေနဲ့ အပြည့်အစုံကို သိချင်ရင် http://www.bbc.co.uk/privacy