ဂါဇာမြောက်ပိုင်းမှာ ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်

ဗီဒီယို ပုံစာ, ကုလသမဂ္ဂက ဂါဇာမြောက်ပိုင်းမှာ နေထိုင်ကြသူတွေ ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေး
ဂါဇာမြောက်ပိုင်းမှာ ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်

ဂါဇာမြောက်ပိုင်းမှာ ငတ်မွတ်မှုဘေး ကျရောက်ဖို့ တော်တော်နီးစပ်နေပြီလို့ ကုလသမဂ္ဂက သတိပေးထားပါပြီ၊ အဲဒီမှာ နေကြတဲ့ လူဦးရေရဲ့ ထက်ဝက် ဖြစ်တဲ့ လူပေါင်း ၁ သန်းလောက်ဟာ အစာရေစာ ရှားပါးမှုနဲ့ ကြုံနေရပြီလို့ ကုလသမဂ္ဂ ပြောပါတယ်။ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က အစ္စရေးဟာ ငတ်မွတ်ခြင်းကို လက်နက်သဖွယ် အသုံးပြုလာနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒါပေမယ့် အစ္စရေးကတော့ ဒါကို ပယ်ချပါတယ်။ ဂျေရုဆလင်က ဘီဘီစီ သတင်းထောက် အိုလာဂါရင်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။