SSPP နဲ့ MNDAA အကြား တိုက်ပွဲဖြစ်ပွား

ဗီဒီယို ပုံစာ, SSPP နဲ့ MNDAA အကြား တိုက်ပွဲဖြစ်ပွား
SSPP နဲ့ MNDAA အကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်းက၊ သိန္ဒီ မြို့နယ်၊ နန့်စလပ် တိုက်နယ် အတွင်းမှာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ကိုးကန့် တပ်ဖွဲ့ MNDAA တို့ အကြား အခုလ ၂၆ ရက်နေ့က စပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် နှစ်ဖက်တပ်ဖွဲ့ကြားမှာ ထိခိုက် ဒဏ်ရာ ရရှိသူတွေ ရှိသလို အပြန်အလှန် ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ SSPP/SSA ရော MNDAA ရော နှစ်ဖွဲ့စလုံးဟာ ဝ တပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အောက်မှာ ပါဝင်နေတဲ့ မဟာမိတ်အဖွဲ့တွေလည်း ဖြစ်ပါတယ်။ အခုလို ၂ ဖွဲ့ကြားမှာ ဘာကြောင့် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေရတာပါလဲ။ မရွှေပိုးနီက ပြောပြပေးမှာပါ။