အမေရိကန်က မြန်မာပြည် စစ်ရေး၊ နိုင်ငံရေး ၊ ဘာသာရေးနဲ့ အမျိုးသမီးရေး စာတမ်းဖတ်ပွဲ

အမေရိကန်နိုင်ငံ အာရှလေ့လာရေးအသင်းက ကျင်းပတဲ့ နှစ်ပတ်လည် ကွန်ဖရင့်ကို မတ်လ ၁၄ ရက်ကနေ ၁၇ ရက်ထိ ဝါရှင်တန် ပြည်နယ် ဆီယက်တယ်မြို့မှာ ကျင်းပခဲ့ပြီး မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ စာတမ်းတွေကိုလည်း ဒီကွန်ဖရင့်မှာ ဖတ်ကြားခဲ့ပါတယ်။

စာတမ်းဖတ်ပွဲကို အမေရိကန် အခြေစိုက် တက္ကသိုလ် ပါမောက္ခတွေနဲ့ ဘွဲ့လွန်ကျောင်းသားတွေသာမက အာရှနိုင်ငံတွေက ပညာရှင်နဲ့ ကျောင်းသူကျောင်းသားတွေ တက်ရောက် စာတမ်းဖတ်ကြားခဲ့ကြပြီး ဒီထဲမှာ မြန်မာတွေ ဖတ်တဲ့ စာတမ်းတွေလည်း ပါပါတယ်။

စာတမ်းတွေထဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေး စစ်ရေးအခြေအနေတွေကို လေ့လာတဲ့ စာတမ်းတွေအပြင် ဗုဒ္ဓဘာသာ၊ မနုဿဗေဒ၊ ဥပဒေနဲ့ လူမှုသိပ္ပံဆိုင်ရာ စာတမ်းတွေလည်း ပါဝင်ပါတယ်။

မြန်မာပြည်ရဲ့ စစ်

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ မှာ အပြိုင်းအရိုင်းပေါ်လာတဲ့ ပီဒီအက်ဖ်တပ်သားသစ်များ

လက်ရှိ မြန်မာပြည်မှာ ပြည်တွင်းစစ်ရှိန်မြင့်နေတဲ့အတွက် ဒီကွန်ဖရင့်မှာ အကျယ်တဝင့် ဆွေးနွေးကြတာကို တွေ့ရပါတယ်။ ဒီထဲမှာ မြန်မာပြည်အလယ်ပိုင်းက စစ်ရေးတိုက်ခိုက်မှုတွေအကြောင်း ပြင်သစ် နိုင်ငံ ပဲရစ်မြို့ လူမှုသိပ္ပံ အထူးလေ့လာရေးကျောင်းက စတီဖန် ဟူယာ့က ဆွေးနွေးပါတယ်။

သြစတြေးလျအမျိုးသား တက္ကသိုလ်က မိုက်ကယ် ဒန်းဖို့ရဲ့ ရှောင်ရှားမှုနဲ့ စေ့စပ်မှု၊ လူမျိုးစု နိုင်ငံရေးထဲက စစ်သားစုဆောင်းမှု စာတမ်း နဲ့ သြစတြေးလျအမျိုးသား တက္ကသိုလ်က ဆလိုင်း ဆင်မြူရယ် မှုန်းရဲ့ စစ်ဝါဒကြီးထွားလာချိန်အတွင်း သွေးမြေမကျ ခုခံမှု ဇာတ်ကောင်များနဲ့ မဟာဗျူဟာများ၊ မြန်မာပြည် ဖြစ်ရပ် စာတမ်းတွေကိုလည်း တွေ့ရပါတယ်။

တခါ မြန်မာပြည်မှာ ပုန်ကန်မှုသက်တမ်း အကြာဆုံး ကရင်လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးကျောင်းက ကိုတာ ဝါတာနာဘေက ကရင်နယ်စပ်ဒေသ စစ်ဖြစ်နေတဲ့ နေရာတွေက စစ်နိုင်ငံ ဖြစ်ထွန်းမှုကို လေ့လာပါတယ်။ လန်ဒန် ဘောဂဗေဒနဲ့ နိုင်ငံရေးသိပ္ပံကျောင်းက ဒေါမနစ် ဒီလာဘိုး လဖ်ဗွေးဗွားကတော့ ကရင်တောင်ကုန်းတွေပေါ်က ပုန်ကန်မှု မျိုးရိုးကို စာတမ်းဖတ်ပါတယ်။ ချင်းမိုင်တက္ကသိုလ်က စောနယ်ဒူဒါးကလည်း စစ်ပြိုင်နေတဲ့ မြောက်ပိုင်းကော်သူလေးနယ်မြေခံတွေရဲ့ လယ်ယာမြေပိုင်ဆိုင်ခွင့်တွေအကြောင်း စာတမ်းဖတ်ပါတယ်။

နွေဦးတော်လှန်ရေးထဲက အမျိုးသမီးစစ်သည်တွေအကြောင်း စာတမ်းကိုတော့ ချင်းမိုင်တက္ကသိုလ်က အဂ္ဂါသာမာက ဖတ်ကြားပြီး ကော်နဲတက္ကသိုလ်က ဂျိုရှူဝါ မစ်ရှဲက မူးယစ်ဆေးစွဲသူတွေနဲ့ ပတ်သက်ပြီး စစ်ဘက်နဲ့ ဘာသာရေး အဖွဲ့အစည်းတွေကြားက ဆက်စပ်မှုကို စာတမ်းဖတ်ပါတယ်။ လိုဝဲလ် မက်ဆာချူးဆက် တက္ကသိုလ်က နော်မူးမူးပေါကတော့ ပြည်တွင်းစစ်ထဲက မသန်စွမ်း သူပုန်တပ်သားတွေရဲ့ ရုန်းကန်ရှင်သန်မှုအကြောင်း စာတမ်းဖတ်ပါတယ်။

နိုင်ငံရေး စာတမ်းများ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အာဏာကို အံတုခဲ့တဲ့ ၂၀၂၁ နွေဦး

မြန်မာနဲ့ ထိုင်းနိုင်ငံတွေက တော်လှန်ရေးတွေအကြောင်း စာတမ်းဖတ်ပွဲမှာတော့ မနိုအာ ဟာဝိုင်ယီတက္ကသိုလ်က ဘရန်ဒန် စီ ဖလန်နာဂန်ရဲ့ တော်လှန်ရေးရဲ့ နေ့စဉ်ဘဝ၊ အဝေးရောက် မြန်မာသူပုန်တွေကြားက ငြီးငွေ့မှု၊ သွေးစည်းမှုနဲ့ လှုပ်ရှားမှု စာတမ်းပါရှိပါတယ်။

နောက် ပဲရစ် နိုင်ငံတကာလေ့လာရေးကျောင်းက ဒေးဗစ် အက်ဖ် ကမ်းမရူးရဲ့ မြန်မာတော်လှန်ရေး ပြည်တွင်းစစ်နဲ့ အာဆီယံ အာဏာရှင် စနစ် စာတမ်း၊ ချင်းမိုင်တက္ကသိုလ်က ကိုစစ်မော်ရဲ့ ၁၉၈၈ နဲ့ ၂၀၁ဝ ကြား မြန်မာထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အာဏာ ခုခံမှုကို နားလည်ခြင်း ၊ ထောင်ထဲက တိုက်ပွဲများ စာတမ်းတွေလည်း ဒီကွန်ဖရင့်မှာ ဖတ်ကြားပါတယ်။

ဘရပ်ဆဲ ဘက်ယေ့ဗ်တက္ကသိုလ်က မိုင်ဗန်ထရန်ရဲ့ လူမှုကွန်ရက်ပေါ်က မြန်မာနဲ့ ထိုင်းအတိုက်အခံတွေရဲ့ အသံနဲ့ ချင်းမိုင်တက္ကသိုလ်က ခင်ပြည့်စုံရဲ့ မြန်မာမြို့ပြ အစွန်အဖျားက နိုင်ငံရေးဖိနှိပ်မှု စာတမ်းတွေကိုလည်း ဒီကွန်ဖရင့်မှာ ဖတ်ကြားပါတယ်။

ဗုဒ္ဓဘာသာ နဲ့ ဘာသာရေး အကြောင်း

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗုဒ္ဓဘာသာ ကြည်ညိုသူ ပေါတဲ့ မြန်မာပြည်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗုဒ္ဓဘာသာအကြောင်း စာတမ်းတွေထဲမှာတော့ ဝှစ်တီယားကောလိပ်က ဂျေဆင် ကာဘင်းရဲ့ သံဝေဂနဲ့ လူ့အတွေ့အကြုံ၊ အရီဇိုးနားပြည်နယ်တက္ကသိုလ်က မူလွန်ဆူးရဲ့ ခေတ်ပြိုင် မြန်မာပြည်က သံဝေဂကို ပျိုးထောင်ခြင်း စတဲ့ အဘိဓမ္မာဆန်တဲ့ စာတမ်းတွေ တွေ့ရသလို ဘာကလေ ကယ်လီဖိုးနီးယားတက္ကသိုလ်က ချောင်ဒိုင်က ဦးသြဘာသရဲ့ စန္ဒကုမာရဇာတ် ဘာသာပြန် ၊ ဟားဗတ်တက္ကသိုလ်က လီလီယန် ဟန်းဒလင်းရဲ့ ၁၆၀၀ ကျော်က မြန်မာဘုရားပလ္လင်တွေရဲ့ အပြင်အဆင် ပြောင်းလဲမှု၊ မြောက်အီလီနွိုင်းတက္ကသိုလ်က ကက်သရင်းရေးမွန်းရဲ့ ၁၁ ရာစု မြန်မာ ဗုဒ္ဓဆင်းတုတော် ပြန်ပို့ခြင်း ၊ အာရီဇိုးနားပြည်နယ် တက္ကသိုလ်က ဘိုင်ယင်ဒန်ရဲ့ မြန်မာပြည်က စကျင်ကျောက် ဆင်းတုတော်များ စတဲ့ စာပေအနုပညာဘက်သက်ရောက်တဲ့ စာတမ်းတွေလည်း ပါပါတယ်။

ဘာသာရေးသမိုင်းနဲ့ နိုင်ငံရေး စာတမ်းတွေထဲမှာတော့ ယော့တက္ကသိုလ်က အယ်လီရှာ တားနားရဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေကြားက ဆက်ဆံရေး ၊ မစ်ရှီဂန်တက္ကသိုလ်က မတ်ရှစ်လာရဲ့ ၁၉၉၀ က ၂၀၁၂ ကြား မွတ်ဆလင်ဆန့်ကျင်ရေး စာအုပ်တွေ ဖြန့်ဝေမှု၊ ကော်နဲတက္ကသိုလ်က မက်သယူး ဗန်ကာရဲ့ ကိုလိုနီခေတ် မြန်မာပြည်က တရုတ်ဗုဒ္ဓဘာသာဝင်များ၊ အေဟိုင်မေးတက္ကသိုလ်က ဟီတိုမီ ဖူဂျီမူရာ ရဲ့ ကရင် ဘက်ပတစ် သာသနာပြု ၊ ရတ်ဂါးစ်တက္ကသိုလ်က ချိအဲအိကိယရဲ့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တိုရန်တိုတက္ကသိုလ်က တိုနီစကော့ရဲ့ မင်းကွန်းဇေတဝန်ဆရာတော် စာတမ်းတွေကို တွေ့ရပါတယ်။

သမိုင်းအရေးအသား ၊ စာပေ အနုပညာ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန်းပြားလာတဲ့ မြန်မာအနုပညာ

စာပေအနုပညာနဲ့ ပတ်သက်ပြီး လန်ဒန်တက္ကသိုလ်က တုံချင်ဟူက ကြည်အေးအရေးအသားထဲက ခေတ်မီမှုနဲ့ လိင်မှုစာတမ်း၊ ကော်နဲတက္ကသိုလ်က အမ်ကေလောင်းရဲ့ ဆိုရှယ်လစ်ခေတ် မြန်မာပြည်က အတ္ထုပ္ပတ္တိရေးနည်းနဲ့ ဘာကလေတက္ကသိုလ်က မယ်လီဆာ ကာလ်ဆန်ရဲ့ မြန်မာမော်ဒန်အနုပညာအကြောင်း စာတမ်းတွေကို တွေ့ရပါတယ်။

သမိုင်းအရေးအသားဘက်မှာတော့ ပြင်သစ် အရှေ့တောင်အာရှ လေ့လာရေး စင်တာက သြရိုရာ ကန်ဒီယာရဲ့ မြန်မာသမိုင်းနဲ့ တွေးခေါ်မှုဘာသာစကား အရွေ့၊ ကျိုတိုတက္ကသိုလ်က ပက်ထရစ် မက်ကောမစ်ရဲ့ မြန်မာသမိုင်းရေးမှုမှာ ရိုးရာမှတ်တမ်းတွေကို ပစ်ပယ်ခြင်း ၊ ဘာကလေတက္ကသိုလ်က ပန်နီအက်ဒွပ်ရဲ့ မြင်ကွန်းမင်းသား အကြောင်း စာတမ်း ၊ ဒေါက်တာကျော်မင်းထင်ရဲ့ အာရိယန်မျိုးက ဆင်းသက်လာသလား ရခိုင်သမိုင်းစာတမ်းတွေကို တွေ့ရပါတယ်။

မြန်မာသမိုင်းနဲ့ ပတ်သက်ပြီး နန်ယန်းတက္ကသိုလ်က ဆုဟေလိုင်ရဲ့ ထိုင်းမြန်မာနယ်စပ်က ယူနန်တရုတ်ဖြူကျောင်းတွေနဲ့ ထိုင်ဝမ်အကူအညီစာတမ်းအပြင် ဝိတိုရိယတက္ကသိုလ်က သစ်တီ ဂျမ်ကာဂျောင်းကီယေ့ရဲ့ အရှေ့တောင်အာရှ လေ့လာရေးနယ်က တက်ကြွလှုပ်ရှားသူများ စာတမ်းမှာတော့ မြန်မာပြည်က သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းအကြောင်း ထည့်သွင်းဖတ်ကြားသွားပါတယ်။

အမျိုးသမီးနဲ့ ကွီးယား

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နွေဦးတော်လှန်ရေးနဲ့ အမျိုးသမီးသပိတ်

မြန်မာပြည် အမျိုးသမီးရေးနဲ့ လိင်တူချစ်သူတွေအကြောင်းမှာတော့ မန်ချက်စတာ တက္ကသိုလ်က ခင်ခင်မရနဲ့ ဆွီဒင်ကာကွယ်ရေးတက္ကသိုလ်က ဂျင်နီဟဒ်စထရွမ်းတို့ရဲ့ ဘရာစီယာက စစ်တပ်ထက် ကျွန်မကို ပိုကာကွယ်ပေးတယ်၊ ဂျင်နီဟဒ်စထရွမ်းရဲ့ စစ်ပွဲကြားက လက်ထပ်ပွဲများ၊ ဝစ္စကွန်ဆင်တက္ကသိုလ်က အိသဉ္ဇာရဲ့ ကိုလိုနီပညာရေးနဲ့ အနောက်တိုင်းပညာတတ် မြန်မာအမျိုးသားများ ၊ သြစလိုတက္ကသိုလ်က အိုင်ဒါ ဖေဂျာဟိုးရဲ့ မြန်မာနွေဦးတော်လှန်ရေးက ကွီးယားနဲ့ ဂျန်ဒါခုခံမှု စတဲ့ အကြောင်းအရာစုံ စာတမ်းတွေ ဖတ်ကြားခဲ့တဲ့ ကွန်ဖရင့် ဖြစ်ပါတယ်။