ရွေးကောက်ပွဲနိုင်ခဲ့တဲ့ သမ္မတပူတင် ပါတီပွဲခမ်းခမ်းနားနား ကျင်းပပြီး အောင်ပွဲခံ

ဗီဒီယို ပုံစာ, ရွေးကောက်ပွဲနိုင်ခဲ့တဲ့ သမ္မတပူတင် ပါတီပွဲ ခမ်းခမ်းနားနားကျင်းပပြီး အောင်ပွဲခံခဲ့ပါတယ်။
ရွေးကောက်ပွဲနိုင်ခဲ့တဲ့ သမ္မတပူတင် ပါတီပွဲခမ်းခမ်းနားနား ကျင်းပပြီး အောင်ပွဲခံ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်း ရွေးကောက်ပွဲမှာ သမ္မတ သက်တမ်း ၅ ကြိမ်မြောက် အနိုင်ရခဲ့တဲ့ သမ္မတ ပူတင်က သူ့ကို ထောက်ခံတဲ့ ထင်ရှားကျော်ကြားသူတွေကို ဖိတ်ကြားပြီး မော်စကိုမြို့တော်မှာ အခမ်းအနားပွဲကြီးတစ်ခု ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ အနောက်အုပ်စုကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။ ခရမ်မလင် နန်းတော်မှာ ကျင်းပတဲ့ အဲဒီအခမ်းအနားပွဲကို မဖိတ်စဖူး အဖိတ်ကြားခံခဲ့ရတဲ့ ရုရှားရေးရာ ဘီဘီစီ အယ်ဒီတာ စတိဗ် ရိုဆဲန်ဘာ့ဂ် ရဲ့ သတင်းပေးပို့ချက်ကို ကိုဇေယျာက ပြောပြမှာပါ။