ဒေါ်အောင်ဆန်းစုကြည်အိမ် လေလံကိစ္စ ပြင်ဆင်ချက်တင်ထား

ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည်အိမ် လေလံကိစ္စ ပြင်ဆင်ချက်တင်ထား
ဒေါ်အောင်ဆန်းစုကြည်အိမ် လေလံကိစ္စ ပြင်ဆင်ချက်တင်ထား

ဒေါ်အောင်းဆန်းစုကြည် နေထိုင်တဲ့ ရန်ကုန်က ခြံနံပါတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို မတ်လ ၂၀ ရက်မှာ လေလံတင် ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချမှတ်ထားပါတယ်။ အမှုမှာ အမွေဆိုင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားရုံး တက်ရောက်ခွင့် မရခဲ့သလို ရှေ့နေအဖွဲ့နဲ့လည်း တွေ့ခွင့်မရ ဖြစ်နေတဲ့ကြားမှာ တရားရုံးက လေလံတင်ရောင်းချမိန့် ကို ဇန်နဝါရီ ၂၅ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီလေလံမိန့်ကို ပြင်ဆင်ဖို့ မတ်လ ၅ ရက်နေ့တုန်းက ရန်ကုန်တိုင်းတရားလွှတ်တော်ထံ ပြင်ဆင်ချက် တင်ထားပါတယ်။ ဘယ်လိုပြင်ဆင်ချက်ပါလဲ။ လေလံပွဲကတော့ ဖြစ်မြောက်ဖို့ရှိမှာပါလား။ မအေးသူစံက ပြောပြပေးပါမယ်။