ဓမ္မသ ရွာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင် ပျက်စီး

ဗီဒီယို ပုံစာ, ဓမ္မသ ရွာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင် ပျက်စီး
ဓမ္မသ ရွာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင် ပျက်စီး

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်၊ ကျိုက်မရော မြို့နယ်ထဲမှာရှိတဲ့ ဓမ္မသ ရွာကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတွေကနေ တိုက်ခိုက်ခဲ့တဲ့ အတွက် အိမ်ခြေရာနဲ့ချီ မီးလောင် ပျက်စီးခဲ့ရပါတယ်။

မွန်ပြည်သစ် ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့၊ KNU/KNLA ပူးပေါင်း အဖွဲ့တွေက ကော့ဘိန်းနယ်မြေ ရဲစခန်းကို သိမ်းပိုက်ပြီး နောက်မှာ စစ်ကောင်စီက ဓမ္မသရွာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီ နဲ့ငြိမ်းချမ်းရေး စကားပြောနေတဲ့ မွန်ပြည်သစ် ပါတီကနေ ခွဲထွက်လိုက်တဲ့ အဖွဲ့ဟာ လက်နက်ကိုင် တိုက်ပွဲမှာ ပါဝင်လာတဲ့ အတွက် ပြည်နယ်အတွင်းမှာ စစ်ရေး အခြေအနေတွေ ဘယ်လို ဆက်ပြီး ဖြစ်လာနိုင်ပါသလဲ။ ကိုရင်မောင်က ပြောပြပေးမှာပါ။