ပူတင် နောက်တကြိမ်သက်တမ်းနဲ့ ယူကရိန်း စစ်ပွဲအလားအလာ

ဗီဒီယို ပုံစာ, ယူကရိန်း အရှေ့မြောက်ပိုင်းမှာ အပြင်းအထန် တိုက်ခိုက်ခံနေရ
ပူတင် နောက်တကြိမ်သက်တမ်းနဲ့ ယူကရိန်း စစ်ပွဲအလားအလာ

ယူကရိန်း အရှေ့မြောက်ပိုင်း ရုရှားနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်က ဒေသတွေမှာ မကြာသေးခင် ရက်ပိုင်းတွေ အတွင်းက စပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခံနေရပါတယ်။ တချို့ ရွာတွေမှာဆို သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းနေသူ ရာပေါင်းများစွာ အပါအဝင် ရွာလုံးကျွတ် ဘေးလွတ်ရာကို ကယ်ဆယ် ပို့ဆောင် ပေးရတာမျိုးတွေတောင် ရှိပါတယ်။

ဗလာဒီမီယာ ပူတင် ကရင်မလင်မှာ ဆက်လက် အုပ်စိုးဖို့ ရွေးကောက်ပွဲကျင်းပြီး နောက်တကြိမ် သက်တမ်းတိုးတဲ့ သီတင်းပတ် အတွင်းမှာပဲ ရုရှားက အခုလို တိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်ပြီး သမ္မတကလည်း လွန်ခဲ့တဲ့ ၂ နှစ်က သူစတင်ခဲ့တဲ့ ကျူးကျော်စစ်ကို ဆက်တိုက်သွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

ဒါဟာ ယူကရိန်း အတွက် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ၊ ဘီဘီစီရဲ့ အရှေ့ဥရောပ ဆိုင်ရာ သတင်းထောက် ဆာရာ ရိန်းစဖို့ဒ် ရုရှား နဲ့ နယ်စပ်မှာ ရှိတဲ့ ဆူမီ မြို့က ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။