စစ်မှုထမ်းအမိန့် အကောင်အထည်ဖော်မှုတွေအပေါ် ဝေဖန်သံတွေထွက်နေ

ဗီဒီယို ပုံစာ, ဒေသန္တရ အာဏာပိုင်တွေရဲ့ စစ်မှုထမ်းအမိန့် အကောင်အထည်ဖော်မှုတွေအပေါ် ဝေဖန်သံတွေထွက်
စစ်မှုထမ်းအမိန့် အကောင်အထည်ဖော်မှုတွေအပေါ် ဝေဖန်သံတွေထွက်နေ

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရ အမိန့်ကို အကောင်အထည်ဖော်ဖို့ ဒေသန္တရအာဏာပိုင်တွေက စတင် ဆောင်ရွက်နေကြပါတယ်။ အဲဒီထဲမှာ စစ်မှုထမ်းဖို့ အသက်အရွယ် အကျုံးဝင်သူတွေကို ခရီးသွားခွင့် ကန့်သတ်တာ နဲ့ စစ်မှုထမ်းဖို့ မဲပေါက်တယ်ဆိုပြီး ပြည်ပရောက်နေသူတချို့ကို ပြည်တွင်းကိုပြန်လာဖို့ ညွှန်ကြားတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီပြောဆိုမှုတွေနဲ့ပတ်သက်လို့ စစ်မှုထမ်း ဗဟိုအဖွဲ့က ဘယ်လိုတုံ့ပြန်ပါသလဲ။ ကိုမိုးမြင့်က ပြောပြမှာပါ။