ကျန်းမာရေးအတွက် ဥတုရာသီ သဘာဝပတ်ဝန်းကျင်ကောင်းမှာ နေထိုင်နိုင်ရေးဟာ အခြေခံလူ့အခွင့်အရေး ဖြစ်တယ်လို့ EU ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေး တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ Legal Aid Network ကို တည်ထောင်သူ ဦးအောင်ထူးကို ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဥ်မှာ မေးမြန်းတင်ပြထားပါတယ်။
ဂျာမနီနိုင်ငံက အစ္စရေးကို လက်နက်တင်ပို့လို့ နီကာရာဂွါနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲပါတယ်။ မြန်မာစစ်ကောင်စီကို လက်နက်ပို့နေကြတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတို့ကိုရော လက်နက်တင်ပို့မှုရပ်အောင် ICJ မှာ တရားစွဲနိုင်ပါသလား။
လူမျိုးရေးပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အားလုံးအတူယှဉ်တွဲ နေထိုင်နိုင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေနဲ့ အမျိုးဘာသာ သာသနာအဖွဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းနိုင်မယ့် လုပ်ရပ်တွေ တူညီနေပါသလား။
၁၀၂၇ စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ဘာကြောင့် ရှုံးနေတာပါလဲ။ ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ်ကို ဦးတင်မောင်သန်းက မေးမြန်းပြီး တင်ပြထားပါတယ်။
သန္ဓေသားဖျက်ချခွင့်ဟာ အမျိုးသမီးတွေရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်းပြဌာန်းလိုက်ပါတယ်။ သန္ဓေသား ဖျက်ချခွင့်ကို ဖွဲ့စည်းပုံမှာ အခွင့်အရေးတခုအနေနဲ့ ထည့်သွင်းလိုက်တာ ပြင်သစ်နိုင်ငံက ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်။
အာရှမှာ ဒုက္ခသည်လျှောက်ထားသူတွေကို လက်ခံတဲ့ ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒအကြောင်း မြန်မာဒုက္ခသည်အရေးကူညီသူ ဦးအောင်မြတ်ဝင်းကို ဦးတင်မောင်သန်းက မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဥ်မှာ တင်ပြထားပါတယ်။
နိုင်ငံပြောင်း အခြေချသူတွေက မူလရှိနေတဲ့ လူမျိုးတွေကို မျိုသွားနိုင်တယ်ဆိုတဲ့၊ မဟာလူမျိုး မျိုကိန်း အယူအဆတွေဟာ လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်ပေးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က သတိပေးလိုက်ပါတယ်။
ကမ္ဘာ့ကျားမ ကွာဟချက် အညွှန်းကိန်းတွေအရ နိုင်ငံရေးနယ်ပယ်မှာ ကျားမ တန်းတူရေးကွာဟချက် မြန်မာနိုင်ငံထက်ပိုပြီး ကြီးမားတဲ့နိုင်ငံက ၅ နိုင်ငံပဲ ရှိနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရပြီး၊ ဘာတွေလုပ်ဖို့ လိုပါသလဲ။
ဗုဒ္ဓသာသနာတွင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမှာ နှစ် ၁၀၀ လောက် ခေတ်ရှေ့ပြေး အမြော်အမြင်ကြီးမားတဲ့ ဆရာတော် ရှိခဲ့ပေမဲ့ “ဗုဒ္ဓဘာသာအမည်ခံ ဘာသာရေး အဝန်းအဝိုင်းတချို့ကြောင့်” မြန်မာနိုင်ငံ ဟာ ခေတ်နောက်ကျန်နေခဲ့ပါပြီလား။ ဓမ္မကျောင်းတွေကို ထူထောင်ခဲ့သူ ဒေါ်ကေတုမာလာနဲ့ ဆွေးနွေးတင်ပြထားပါတယ်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးရေးဆိုတဲ့ ဗိုလ်ချုပ်ကြီးအမ်ဘန်လရဲ့ အဆိုပြုချက်နဲ့ အာဆီယံရဲ့ တမျိုးသားလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးကို ချိတ်ဆက်လို့ ရနိုင်ပါသလား။ ဒီမိုကရေစီ လူ့ခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဥ်မှာ ဦးတင်မောင်သန်းက ဒုတိယပိုင်းအဖြစ် ဆွေးနွေးတင်ပြထားပါတယ်။
အနာဂတ်ဖက်ဒရယ်အရေး ဆွေးနွေးဖို့ ဗိုလ်ချုပ်ကြီးအမ်ဘန်လ ပြောကြားမှုအပေါ် တခြား နိုင်ငံရေးအင်အားစုတွေ ဘယ်လို မြင်ကြပါသလဲ။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာ အထွေထွေသပိတ်ကော်မတီ GSC ကိုယ်စားပြုသူနဲ့ ဦးတင်မောင်သန်း မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့ခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဥ်မှာ တင်ပြထားပါတယ်။
လက်ယာစွန်းနိုင်ငံရေးကြောင့် ဒုတိယကမ္ဘာစစ်ပွဲ ဖြစ်ပွားခဲ့ရသလို၊ အရှေ့အလယ်ပိုင်းမှာလည်း စစ်မီးပျံ့နေခဲ့ပါတယ်။ ဂျာမနီ၊ အမေရိကန်နဲ့ မြန်မာနိုင်ငံက လက်ယာစွန်းနိုင်ငံရေး အန္တရာယ်နဲ့ ဆန့်ကျင်မှုတွေကို ဒီမိုကရေစီ၊ လူ့ခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဥ်မှာ ဦးတင်မောင်သန်း တင်ပြထာပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။