ဂါဇာမှာ ဟာမတ်စ်အဖွဲ့ ပြန်ပေးဆွဲဖမ်းဆီးတာ ခံထားရတဲ့သူတွေ အားလုံး ပြန်လည် လွတ်မြောက်လာဖို့အတွက် ကြိုးပမ်းနေတဲ့ အမေရိကန်နဲ့ နိုင်ငံပေါင်း တဒါဇင်ကျော်က ခေါင်းဆောင်တွေနဲ့အတူ တခြား ကမ္ဘာ့နိုင်ငံတွေ ကလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေက တောင်းဆိုလိုက်ပါတယ်။
ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေ ချက်ချင်းလွှတ်ပေးဖို့နဲ့ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်ကိုလက်ခံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ် ၃၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်ကပြောသလို ဂါဇာဆေးရုံတာဝန်ခံတွေကလည်း ဂါဇာတောင်ပိုင်း ရာဖါမြို့မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ရာဖာမြို့ကိုတိုက်မယ့်လက္ခဏာတွေ အစ္စရေးစစ်တပ်က ဆက်လက်ပြသနေချိန်မှာပဲ ခန်ယူနိစ်မြို့အနီးမှာ ဒုက္ခသည်တဲတွေဖြစ်ပုံရတဲ့ ဝင်းတဝင်း ပေါ်လာခဲ့တာကို ဂြိုဟ်တုဓာတ်ပုံတွေက ပြသလိုက်ပါတယ်။
အစ္စရေးကို ဟာမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့တာ ရက်ပေါင်း ၂၀၀ ပြည့်လာချိန်မှာပဲ ဂါဇာကမ်းမြှောင်ဒေသမှာ ဟာမတ်စ်တွေ ဆက်လက်ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ အနောက်နိုင်ငံတွေက သံတမန်တွေ ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
ဂါဇာဒေသအတွင်း ဟာမတ်စ်တို့ဆက်ပြီးဖမ်းထားတဲ့ ဓားစားခံတွေပြန်လွတ်လာအောင် နောက်ထပ်တိုက်ခိုက်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ဒရုန်းတွေ၊ ဒုံးကျည်တွေရာနဲ့ချီတိုက်ခိုက်ခံခဲ့ရလို့ အစ္စရေးဝန်ကြီးချုပ်က “မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်” လို့ ကြေညာအပြီး အီရန်ရဲ့နျူကလီးယားနေရာတွေကိုတိုက်ရင် အစ္စရေးရဲ့ "နျူကလီးယားပစ်မှတ်" တွေကိုလည်း ပြန်တိုက်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီးတဦးက ခြိမ်းခြောက်လိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပြီးတော့၊ ဂါဇာဒေသမှာ ရေရှည်ခံတဲ့အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
အီရန်ရဲ့ အရင်အပတ်တိုက်ခိုက်မှုအပေါ် ဘယ်လို..ဘယ်အချိန် တုံ့ပြန်မလဲဆိုတာ အစ္စရေးကသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင်န် နေသန်ယာဟုက ပြောလိုက်ပါတယ်။
ဂါဇာမှာရှိတဲ့ အရပ်ဘက်အဆောက်အဦတွေကိုလည်း အစ္စရေးက ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးပစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ပြောပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခတွေ အရှိန်မြင့်မလာအောင် ရှောင်ရှားဖို့ အမေရိကန်နိုင်ငံက အစ္စရေးလ်ကို တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အီရန်နိုင်ငံက ဒရုန်းနဲ့ မစ်ဇိုင်းဒုံးကျည်အလုံး ၃၀၀ ကျော်နဲ့တိုက်ခိုက်ခဲ့တာကိုတုံ့ပြန်ဖို့ အစ္စရေးလ်က စဥ်းစားနေချိန်မှာပဲ အမေရိကန်က ခုလိုတိုက်တွန်းပြောဆိုလိုက်တာပါ။
အီရန်ဘက်က လေကြောင်းကနေ ပဲ့ထိမ်းသုံး ဒုံးကျည် တရာကျော်အပါအဝင် ဒရုန်းတွေ ကျည်တွေ ၃၀၀ နီးပါးနဲ့ စနေနေ့ညက အစ္စရေးကို တိုက်ခိုက်ခဲ့ပေမဲ့ အားလုံးနီးပါး ပြန်လည် ပစ်ချနိုင်ခဲ့တာကြောင့် ကောင်းကင်မှာ ရင်သပ်ရှုမောဖွယ်ရာ အနိုင်ယူနိုင်ခဲ့တဲ့ အောင်ပွဲလို့ အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးနိုင်ငံက ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်