အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ နယူးယောက်မြို့ ရဲတပ်ဖွဲ့ဝင်တွေဟာ အင်္ဂါနေ့နှောင်းပိုင်းက ကိုလံဘီယာတက္ကသိုလ်ဝန်းအတွင်း ဝင်ရောက်ပြီး ကျောင်းအဆောက်အဦတခုကို စီးနင်းထားကြတဲ့ ပါလက်စတိုင်းလိုလားတဲ့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပါတယ်။
ပေးဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အစ္စရေးကို အင်္ဂါနေ့က ရောက်ရှိသွားခဲ့ပါပြီ။ အပစ်ရပ်ရေး အဆိုပြုချက်ကိုလက်ခံပြီး ဖမ်းဆီးထားတဲ့ဓားစာခံတွေကို လွှတ်ပေးဖို့ ဟာမတ်စ်အဖွဲ့ကို မစ္စတာဘလင်ကန်က ဂျော်ဒန်နိုင်ငံမှာရှိနေစဥ် တောင်းဆိုခဲ့ပါသေးတယ်။
လက်ရှိ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးနဲ့ ဟာမတ်စ်တို့ လက်တွေ့ အကောင်အထည်ဖော်လာရေးအတွက် အီဂျစ်၊ ကာတာနိုင်ငံတို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ သမ္မတ Joe Biden က သဘောတူထားတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က မနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကြီးတွေမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြနေကြတာတွေ ရပ်ကြဖို့ တက္ကသိုလ်ကျောင်း တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်နေတဲ့တိုင်အောင် ဆန္ဒပြပွဲတွေကတော့ ဆက် အရှိန်ကောင်းနေပါတယ်။
၇ လကြာ အစ္စရေး-ဟာမတ်စစ်ပွဲ အဆုံးသတ်နိုင်ရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အရှေ့အလယ်ပိုင်းဒေသကို ထပ်မံသွားရောက်ဆွေးနွေးနေပြီး အခု ဒီအဆိုပြုမှုကို 'ဟာမတ်စ်ဘက်က အလျင်အမြန် ဆုံးဖြတ်ဖို့လိုတယ်၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်တယ်' လို့ ဝန်ကြီးဘလင်ကန်က ဆော်ဒီနိုင်ငံ ရီယာဒ်မြို့မှာ ပြောပါတယ်။
ဂါဇာဒေသမှာ စာနာမှုအကူအညီတွေ ရရှိရေး တိုးတက်မှုတွေ ရှိနေပေမဲ့ အစ္စရေးက ဒီထက်ပို ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဂါဇာဒေသအတွက် လူသားချင်းစာနာမှုအကူအညီ၊ ပါလက်စတိုင်းနယ်မြေရဲ့ စစ်လွန်ကာလ လမ်းပြမြေပုံကိစ္စအပြင် အရှေ့အလယ်အပိုင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေး. စတဲ့အကြောင်းအရာတွေကို ဆွေးနွေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆော်ဒီအာရေဗျကို တနင်္လာနေ့မှာရောက်ရှိမှာဖြစ်ပါတယ်။
ဟာမတ်စ်နဲ့ အစ္စရေးတို့အပေါ် နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ ကြီးထွားလာနေချိန်မှာပဲ အစ္စရေးလ်တို့က ဂါဇာစစ်ဆင်ရေးကို တနင်္ဂနွေနေ့မှာ ဆက်လက်ဆင်နွှဲပါတယ်။ အစ္စရေးလ်နယ်စပ်အနီး ဂါဇာဒေသထဲမှာ မီးခိုးလုံးတွေတက်လာတာနဲ့ တင့်ကားတွေ လှုပ်ရှားသွားလာနေတာကို မြင်ရပါတယ်။
ဂါဇာမှာ ဟာမတ်စ်အဖွဲ့ ပြန်ပေးဆွဲဖမ်းဆီးတာ ခံထားရတဲ့သူတွေ အားလုံး ပြန်လည် လွတ်မြောက်လာဖို့အတွက် ကြိုးပမ်းနေတဲ့ အမေရိကန်နဲ့ နိုင်ငံပေါင်း တဒါဇင်ကျော်က ခေါင်းဆောင်တွေနဲ့အတူ တခြား ကမ္ဘာ့နိုင်ငံတွေ ကလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေက တောင်းဆိုလိုက်ပါတယ်။
ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေ ချက်ချင်းလွှတ်ပေးဖို့နဲ့ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်ကိုလက်ခံဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ် ၃၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်ကပြောသလို ဂါဇာဆေးရုံတာဝန်ခံတွေကလည်း ဂါဇာတောင်ပိုင်း ရာဖါမြို့မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ရာဖာမြို့ကိုတိုက်မယ့်လက္ခဏာတွေ အစ္စရေးစစ်တပ်က ဆက်လက်ပြသနေချိန်မှာပဲ ခန်ယူနိစ်မြို့အနီးမှာ ဒုက္ခသည်တဲတွေဖြစ်ပုံရတဲ့ ဝင်းတဝင်း ပေါ်လာခဲ့တာကို ဂြိုဟ်တုဓာတ်ပုံတွေက ပြသလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်