Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာက ဓားစာခံတွေလွှတ်ရေး ကူညီပေးကြဖို့ နိုင်ငံတကာကို မိသားစုဝင်တွေ တောင်းဆို


ဟာမတ်စ်အဖွဲ့က ဖမ်းဆီးသွားတဲ့ ဓားစာခံများရဲ့‌ဓာတ်ပုံပိုစတာရှေ့ လမ်းသွားလမ်းလာများကို တွေ့ရစဉ်။ (ဧပြီ ၂၃၊ ၂၀၂၄) Tel Aviv မြို့၊ အစ္စရေး
ဟာမတ်စ်အဖွဲ့က ဖမ်းဆီးသွားတဲ့ ဓားစာခံများရဲ့‌ဓာတ်ပုံပိုစတာရှေ့ လမ်းသွားလမ်းလာများကို တွေ့ရစဉ်။ (ဧပြီ ၂၃၊ ၂၀၂၄) Tel Aviv မြို့၊ အစ္စရေး

ဂါဇာမှာ ဟာမတ်စ်အဖွဲ့ ပြန်ပေးဆွဲဖမ်းဆီးတာ ခံထားရတဲ့သူတွေ အားလုံး ပြန်လည် လွတ်မြောက်လာဖို့အတွက် ကြိုးပမ်းနေတဲ့ အမေရိကန်နဲ့ နိုင်ငံပေါင်း တဒါဇင်ကျော်က ခေါင်းဆောင်တွေနဲ့အတူ တခြား ကမ္ဘာ့နိုင်ငံတွေ ကလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်၊ ဂျာမန်၊ ပြင်သစ်၊ ဗြတိန်၊ အာဂျင်တီးနား၊ ကနေဒါအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံက လူတွေ ပြန်ပေးဆွဲ ခံထားရတာဟာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ လူသားဘေး ပြဿနာ တခုဖြစ်လာနေတယ်လို့ ပြန်ပေးဆွဲ ခံထားရသူတွေရဲ့ မိသားစု ဆွေမျိုးတွေက ပြောဆိုကြပါတယ်။ ဒီကိစ္စကို ကြေညာချက်တွေထုတ်ပြီး ပြောဆိုနေရုံနဲ့မပြီးဘဲ ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေး လက်တွေ့ကျတဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ လုပ်သွားဖို့ မိသားစုတွေက တိုက်တွန်းပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲဖို့ အစ္စရေးနဲ့ ညှိနှိုင်းနေတာတွေ တိုးတက်မှုရှိအောင် ဆောင်ရွက်ဖို့ လူထုဖိအားတွေ တိုးလာနေတာနဲ့အမျှ အမေရိကန်သမ္မတ Joe Biden နဲ့ နိုင်ငံ ၁၇ နိုင်ငံက ခေါင်းဆောင်တွေကတော့ ဟာမတ်စ်အဖွဲ့က ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ မနေ့ ကြာသပတေးနေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

ဒီအတောအတွင်းက ဂါဇာမှာရှိတဲ့ အရပ်ဘက် ပြည်သူ့ကာကွယ်ရေး အဖွဲ့တခုက ဂါဇာကမ်းမြောင်မှာ အစ္စရေး တပ်ဖွဲ့တွေက ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပြီး ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုလိုက် ပါတယ်။

Khan Younis မြို့မှာရှိတဲ့ Nasser ဆေးရုံဝင်းထဲမှာ အစုလိုက် မြှုပ်ထားတဲ့အလောင်း ဒါဇင်နဲ့ချီကို ဒီအဖွဲ့က မနေ့ ကြာသပတေးနေ့က ထပ်မံ တူးဖော်ခဲ့ပါတယ်။ ဒီဆေးရုံကို အစ္စရေး တပ်ဖွဲ့တွေ ပြီးခဲ့တဲ့လက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ချိန် အတွင်း ဆေးရုံထဲက ယာယီ သင်္ချိုင်းမြေ လုပ်ထားတဲ့နေရာမှာ အလောင်း ၄၀၀ နီးပါးကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရှာဖွေ တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပွင့်လင်း မြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လိုအပ်တာကို ကုလသမဂ္ဂကလည်း ဒီသီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG