ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုရှိပေမယ့် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးမှာ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘယ်သူနဲ့မဆို ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ပြောပါတယ်။ ဆလိုင်းဟာအွမ်ကို ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
၂၀၂၄ ဧပြီလ ၃၀ မှာ သက်တမ်းကုန်ဆုံးတော့မယ့် အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုကို ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ကြောင်း ဥရောပကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ မူဝါဒ ကျင့်ဝတ်တွေဟာ သတင်းသမားတွေရဲ့ လုံခြုံရေး၊ လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေတယ်လို့ သတင်းထောက်တွေကြား စိုးရိမ်နေပါတယ်။
၂၀၂၄ ဧပြီလ ၃၀ မှာ သက်တမ်းကုန်ဆုံးတော့မယ့် အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုကို ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ကြောင်း ဥရောပကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကာကွယ်ဆေးထိုးတဲ့နှုန်း ကျဆင်းလာခဲ့ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေ တိုးလာတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေ အဖွဲ့ UNICEF က ဒီကနေ့ သတိပေးထားပါတယ်။
မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၂ က ဝမ္မသူး ဆေးရုံကို ဧပြီ ၂၅ ရက်၊ မနေ့ည ၈ နာရီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ယာတွေလည်း မီးလောင် ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ရိုက်နှက်ပြီး မြန်မာနိုင်ငံဘက် အနည်းဆုံး ၆ ကြိမ် အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အကြောင်း ဒေသအတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီ ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေအကြား မနေ့ ဧပြီလ ၂၅ ရက်ညက တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဘေးရှောင် ပြည်သူတွေဟာ နယ်ခြား သောင်ရင်းမြစ်အနီးကို ထွက်ပြေး လာကြရပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်အရေး ရေရှည် တည်တန့်တဲ့ အဖြေရှာ နိုင်အောင် ထိုင်းနိုင်ငံက ကူညီသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ကို လက်ခံကြိုဆိုတဲ့ အခမ်းအနားမှာ အခုလို ပြောဆိုသွားတာပါ။
လာမယ့် ဧပြီလ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်တာမို့ သတိထားနေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ စံချိန်တင် အပူမြင့်တာတွေ ဖြစ်လာနိုင်တာမို့ နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာအပြင် မိုးကြိုးပစ်ခံရတာတွေ ရှိလာနိုင်တယ်လို့ သတိပေးပါတယ်။
ရခိုင်တောင်ပိုင်းက သံတွဲနဲ့ တောင်ကုတ်ကြားမှာလည်း ၃ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေသလို အမ်းနဲ့ ဘူးသီးတောင် မောင်တောဘက်တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်