ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၊ ဆေးရုံကြီးနဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းနဲ့ လူနေအိမ်အနီးနားနေရာတချို့ကို မနေ့ညပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲရာက ထိခိုက်သေကျေမှုတွေ ကြုံခဲ့ရပြီးနောက် ဒီနေ့မှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ မနေ့တုန်းက သံဃာတော် ၂ ပါး အပါအဝင် ၄ ဦး သေဆုံးတဲ့ တိုက်ခိုက်မှုဟာ အတိုက်အခံလက်နက်ကိုင် အင်အားစုတွေ လက်ချက်အဖြစ် စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကို ပြန်လည် သိမ်းပိုက်ဖို့တက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်လိုက်တဲ့အကြောင်း KNU ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရ စောတောနီး က Reuters သတင်းဌာနဲ့ ဆက်သွယ်မေးမြန်းရာမှာ မနေ့က ပြောဆိုပါတယ်။
တအန်းအမျိုးသားလွတ်မြောက်တပ် TNLA က သူတို့ သိမ်းပိုက်ထားရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ဆက်ဆံရေးရုံးကို ပိတ်သိမ်းဖို့ အတွက် သတိပေးပြောဆိုကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီပဋိပက္ခမှာ အမေရိကန်၊ ရုရှား၊ တရုတ် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ပါဝင်လာရင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သလို စီးပွားရေး အပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်လို့ အမေရိကန်နိုင်ငံရေး လေ့လောစောင့်ကြည့်နေသူ တဦးက သုံးသပ်ပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်အနီးတဝိုက်ကို ဧပြီလ ၁၄ရက်နေ့ ညပိုင်း ၉နာရီကျော်အချိန်က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ သိရပါတယ်။
KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့မှာ လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း အုပ်ချုပ်ရေးဖွဲ့ဖို့ ဘယ်လို ညှိနှိုင်းကိုင်တွယ်နေသလဲဆိုတာ သေချာမသိရသေးပါဘူး။
သင်္ကြန်ပွဲ ကျင်းပနေတဲ့ မန္တလေး မြို့တော်ဝန်မဏ္ဍပ်အနီး ကျုံးဘေးက ဆိုင်ကယ်တွေ ရပ်နားတဲ့နေရာအနီး ဒီနေ့မနက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာက ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။
မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် အချိန်မှာ နိုင်ငံတကာရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသား လူမျိုးစုံကလည်း မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ပွဲတွေနဲ့ သင်္ကြန်ပွဲတော်တွေ ကျင်းပနေကြပါတယ်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အချိန်မှာ နိုင်ငံတကာရောက် မြန်မာတွေကလည်း မြန်မာနိုင်ငံအတွက် ရန်ပုံငွေပွဲနဲ့ သင်္ကြန်ပွဲတော်တွေ ကျင်းပနေကြပါတယ်။ စနေနေ့က နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်က တော်လှန်သင်္ကြန်ပွဲမှာတော့ သင်္ကြန် အကတွေ ဖျော်ဖြေပြီး ရိုးရာ အစားသောက်တွေ ရောင်းချ ရန်ပုံငွေ ရှာခဲ့ပါတယ်။
မြန်မာပြည်ကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ပဲမျိုးစုံတင်သွင်းသူတွေအနေနဲ့ မြန်မာကျပ်ငွေနဲ့ ရူပီးငွေ တိုက်ရိုက်အသုံးပြုတဲ့စနစ်ကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် လျှော့ပေါ့မှုတွေလုပ်ပြီး လွယ်ကူအောင်လုပ်ပေးထားတယ်လို့ အိန္ဒိယအစိုးရက ဒီနေ့ ပြောကြားလိုက်ပါတယ်။
KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရဲ့ အခြေအနေဟာ ဒီနေ့ သင်္ကြန်အကြိုနေ့မှာတော့ ညနေပိုင်းအထိ ငြိမ်သက်နေပါတယ်။ မြဝတီမြို့မှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ စစ်စခန်းက စစ်သားတွေ ဗုဒ္ဓဟူးနေ့က ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီးနောက် ကြာသပတေးနေ့အထိ ၂ ဘက် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်