၂၀၂၄ ဧပြီလ ၃၀ မှာ သက်တမ်းကုန်ဆုံးတော့မယ့် အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုကို ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ကြောင်း ဥရောပကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရုရှား ကာကွယ်ရေးဌာန စက်မှုလုပ်ငန်းအတွက် တရုတ်ရဲ့ အထောက်အပံ့ပေးမှုအပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အသေချာပြင်ဆင်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်နားက ရာဖာမြို့မှာ အစ္စရေး ထိုးစစ်ဆင်မယ့်အနေအထား ဖြစ်လာနေချိန်မှာပဲ အစ္စရေးနဲ့ ဟားမတ်စ်ကြား ညှိနှိုင်းမှုတွေ နောက်တချီ စတင်နိုင်အောင်ကြိုးစားဖို့ အီဂျစ်အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ဟာ အစ္စရေးကို သောကြာနေ့ သွားရောက်ပါတယ်။
၂၀၂၄ ဧပြီလ ၃၀ မှာ သက်တမ်းကုန်ဆုံးတော့မယ့် အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုကို ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ကြောင်း ဥရောပကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်နားက ရာဖာမြို့မှာ အစ္စရေး ထိုးစစ်ဆင်မယ့်အနေအထား ဖြစ်လာနေချိန်မှာပဲ အစ္စရေးနဲ့ ဟားမတ်စ်ကြား ညှိနှိုင်းမှုတွေ နောက်တချီ စတင်နိုင်ဖို့ အီဂျစ်အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ဟာ အစ္စရေးကို သောကြာနေ့သွားရောက်ပါတယ်။ ဂါဇာမှာ ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် ပုံစံသစ်ချပြ ဆွေးနွေးဖို့ရှိ။
ယူကရိန်းနိုင်ငံရဲ့ အဓိက နျူကလီးယား စွမ်းအင်စက်ရုံကို ရုရှားက သိမ်းပိုက်ထားတာက နျူကလီးယား ဓါတ်ရောင်ခြည် ဘေးအန္တရာယ်ဆိုး ကျရောက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ဒီကနေ့ သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
ဂါဇာမှာ ဟာမတ်စ်အဖွဲ့ ပြန်ပေးဆွဲဖမ်းဆီးတာ ခံထားရတဲ့သူတွေ အားလုံး ပြန်လည် လွတ်မြောက်လာဖို့အတွက် ကြိုးပမ်းနေတဲ့ အမေရိကန်နဲ့ နိုင်ငံပေါင်း တဒါဇင်ကျော်က ခေါင်းဆောင်တွေနဲ့အတူ တခြား ကမ္ဘာ့နိုင်ငံတွေ ကလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေက တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့စီးပွား အင်အားအကြီးဆုံး နိုင်ငံကြီး ၂ ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးမှာ သဘောထား ကွဲလွဲတာတွေရှိပေမဲ့လို့ နှစ်နိုင်ငံ ပြိုင်ဘက်တွေ ဖြစ်စရာမလိုဘဲ လက်တွဲဖက်နိုင်ငံတွေသာ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ Xi Jinping က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
"အမေရိကန်နဲ့ တရုတ်ပြည်သူတွေအတွက်ရော ကမ္ဘာကြီးအတွက်ပါ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တာဝန်သိသိဆက်ဆံရေးထားရှိဖို့ ဝတ္တရားရှိကြောင်းနဲ့ ဒီတာဝန် ဝတ္တရားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို အလေးအနက်ထားပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြမှုတွေ အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကြီးတွေမှာ ပိုပြီး ကျယ်ပြန့်လာတာနဲ့အတူ ဗုဒ္ဓဟူးနေ့က တချို့တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
လကမ္ဘာပေါ် စူးစမ်းလမ်းလျှောက်မယ့် Spirit စက်ရုပ် - ခြေလေးချောင်းပါတဲ့ စက်ရုပ်တမျိုးကို အမေရိကန်သိပ္ပံပညာရှင်တွေက တီထွင်ထားပြီး၊ လကမ္ဘာပေါ် လမ်းလျှောက် နိုင်အောင်လို့ အော်ရီဂန်ပြည်နယ်က ထောင်ထိပ်တခုပေါ်မှာ စမ်းသပ် လေ့ကျင့်နေပါတယ်။ Reuters သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်