ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးစစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း ပါလက်စတိုင်း ၁၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ အစ္စရေး နဲ့ ပါလက်စတိုင်း တပ်ဖွဲ့တွေက မနေ့စနေနေ့က ပြောလိုက်ပါတယ်။
ယူကရိန်းနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေပေးနိုင်ဖို့ အမေရိကန်အောက်လွှတ်တော်က သဘောတူဆုံးဖြတ်လိုက်တဲ့ ဥပဒေမူကြမ်းကို ယူကရိန်းအပါအ၀င် အနောက်နိုင်ငံ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။
အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်သူတွေအဖြစ် မသင်္ကာသူ တရုတ်နိုင်ငံသား ၁၃၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံကနေ နေရပ်ပြန်ပို့လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းက ဒီနေ့ပဲ ဖော်ပြပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်မြဝတီမြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ လေကြောင်းတိုက်ခိုက်မူတွေ စနေတနေ့လုံးရှိသလို ညပိုင်းမှာလည်း ပစ်ခတ်သံတွေကြားနေရပါတယ် ။ ထိုင်းဘက်ကို စစ်ဘေးရှောင်သူတွေ ထောင်နဲ့ချီပြီးရောက်နေတာပါ။
အမေရိကန် အောက်လွှတ်တော်မှာ ယူကရိန်း၊ အစ္စရေးနဲ့ တခြား အမေရိကန် မဟာမိတ်နိုင်ငံတွေအတွက် နိုင်ငံခြား အကူအညီ ဒေါ်လာ ၉၅ ဘီလီယံ ထောက်ပံ့ရေး အစီအစဉ်ကို စနေနေ့က ဆက်တိုက် မဲခွဲဆုံးဖြတ်ပြီး ရှားပါးဖြစ်စဉ်အဖြစ် အလျင်အမြန် အတည်ပြုနိုင်ခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ စနေ့နေ့က တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေး တိုးမြှင့်ချထားပြီး ထိုင်းဝန်ကြီးချုပ်ကလည်း အခြေအနေ အမျိုးမျိုး အတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ လာမယ့်သီတင်းပတ်ထဲ တရုတ်နိုင်ငံ ခရီးစဥ် အတွင်းမှာ တခြား ကမ္ဘာ့အရေးကိစ္စရပ်တွေနဲ့အတူ မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဧရာမလက်နက်ထိပ်ဖူး ပါတယ်လို့ဆိုတဲ့ Cruise missile ပဲ့ထိန်းဒုံးတခုနဲ့ လေယာဉ်ဖျက်ဒုံးကျည်တခုကို နိုင်ငံအနောက်ဘက် ကမ်းရိုးတမ်းဒေသမှာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြားပါတယ်။
အိန္ဒိယရွေးကောက်ပွဲအလားအလာ အကြိုခန့်မှန်းချက် − အိန္ဒိယနိုင်ငံရွေးကောက်ပွဲကို (၇)ရက်ခွဲပြီးကျင်းပတဲ့အနေနဲ့ ကြာသပတေးနေ့က စတင်ခဲ့ရာမှာ အာဏာရ BJP ပါတီကသာ အနိုင်ရချေရှိတယ်လို့ ခန့်မှန်းနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အိန္ဒိယမှာနေထိုင်တဲ့ မြန်မာနွယ်ဖွားတွေရဲ့အမြင်ကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
မကြာခင် သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် ခိုလှုံလာတဲ့ မြန်မာစစ်ကောင်စီ တပ်သား ၂၈၅ ယောက်ကို ဧပြီလ ၂၂ ရက်နေ့မှာ မြန်မာဘက်ကို ပြန်ပို့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သောကြာနေ့ အရုဏ်မတက်ခင် အီရန်နိုင်ငံထဲ အစ္စရေးက လေကြောင်းတိုက်ခိုက်မှာကို မတိုက်ခိုက်ခင်ကလေးမှာပဲ အမေရိကန်အစိုးရက သိရှိကြောင်း သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အတည်ပြုဖို့ ငြင်းဆိုခဲ့သလို ဒီတိုက်ခိုက်မှု အမေရိကန် ပါဝင်ပတ်သက်မှု မရှိကြောင်းလည်းပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်