ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ရပ်ကို မပြင်ရင် အမေရိကန်က မူဝါဒပြောင်းမှာ ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟုကို သတိပေးလိုက်ပြီး နောက်တနေ့ မှာ အစ္စရေးက ဂါဇာအတွက် အကူညီတွေ ပိုလာရောက်ခွင့် ပြုလိုက်ပါတယ်။
အစ္စရေးတို့ စစ်ဆင်ရေးအတွင်း အရပ်သားတွေနဲ့ လူသားချင်းစာနာကူညီသူတွေ မထိခိုက်အောင် အခိုင်အမာလုပ်ပြမှ အစ္စရေးကို အမေရိကန်က ကူညီမယ်လို့ သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကိုကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက်မှာ ခုလို ကြေညာခဲ့တာပါ။
ဂါဇာမှာနိုင်ငံတကာကူညီရေးလုပ်သား ၇ ဦး အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒန်က ဒီလိုလူသားစာနာမှုကူညီသူတွေကို ပစ်ခတ်တာ လက်ခံနိုင်စရာမရှိကြောင်း အစ္စရေး ဝန်ကြီးချုပ်ကို ဖုံးနဲ့ဆက်သွယ် ပြောကြားခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ ဒီသီတင်းပတ်ထဲ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကူညီပေးရေး ဝန်ထမ်း ၇ ဦး သေဆုံးခဲ့ရတာ အပါအဝင် ဂါဇာမှာ သေဆုံးသူ ၃၃၀၀၀ ကျော်အထိ ရှိလာတာကြောင့် လူတွေ အမျက်ဒေါသတွေ ထွက်နေကြသလို၊ အမေရိကန်က အစ္စရေးကို စစ်လက်နက်ပစ္စည်း ရောင်းချနေတာနဲ့ ပတ်သက်လို့ စောင့်ကြည့်မှုတွေလည်း ပိုများလာပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ Hamas စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးအတွင်း အပြစ်မဲ့သူတွေ သေကျေနေတဲ့အပေါ် အမေရကန်ရဲ့ စိုးရိမ်မှု ကြီးထွားလာနေချိန်မှာ အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ ဒီနေ့ကြာသပတေးနေ့မှာ ဆက်သွယ်စကားပြောဖို့ ရှိနေပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ သေဆုံးခဲ့တဲ့ ဗြိတိန်နိုင်ငံသားသုံးဦး၊ ပိုလန်နိုင်ငံသားတဦး၊ ဩစတြေးလျနိုင်ငံသားတဦးနဲ့ ကနေဒါနိုင်ငံသားနှစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို လူနာတင်ယာဉ်တွေနဲ့ အီဂျစ်နိုင်ငံဘက်ကို ရာဖာနယ်စပ်မြို့ကတဆင့် ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် World Central Kitchen အကူအညီပေးရေးအဖွဲ့မှ အလုပ်သမား ၇ ဦး သေဆုံးခဲ့တဲ့အတွက် စိတ်ထိခိုက်ရတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့နှောင်းပိုင်းက ပြောပါတယ်။
ဂါဇာဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဝန်ထမ်း ၇ ဦးသေဆုံးခဲ့ကြောင်း World Central Kitchen (WCK) အကူအညီပေးရေးအဖွဲ့က ပြောဆိုလိုက်ပြီး လုပ်ငန်းတွေကိုလည်း ချက်ချင်း ရပ်ဆိုင်းလိုက်ပါတယ်။
ဂျေရုဆလင်မ်မြို့က လွှတ်တော်အဆောက်အအုံရှေ့မှာ ထောင်နဲ့ချီတဲ့ အစ္စရေးလ်နိုင်ငံသားတွေ အစိုးရဆန့်ကျင်ရေး တနင်္ဂနွေနေ့က ကန့်ကွက်န္ဒပြခဲ့ကြပါတယ်။ ဒါဟာ ဟာမတ်စ်တို့နဲ့ စစ်ပွဲစတင်ခဲ့တဲ့အောက်တိုဘာလနောက်ပိုင်း အကြီးဆုံးလူထုဆန္ဒပြပွဲလည်းဖြစ်ပါတယ်။
ဂါဇာစစ်ပွဲ ၆ လထဲဝင်လာချိန်မှာ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားတဲ့ အနေနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တနင်္ဂနွေနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြန်လည် ကျင်းပမှာ ဖြစ်ကြောင်း အီဂျစ်က အယ်လ်ကဟီရာ ရုပ်သံသတင်းက စနေနေ့မှာ ကြေညာပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ဟာမတ်စ်စစ်သွေးကြွတွေနဲ့ စစ်ဆင်နေတဲ့ အစ္စရေးကို သူတို့တောင်းထားတဲ့ လက်နက်အားလုံးတော့ မပေးရသေးဘူးလို့ အမေရိကန်စစ်တပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။
အရှေ့ဂျေရုဆလင်က ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတဲ့ ပါလက်စတိုင်းလူနာတွေ ဆေးကုပြီးရင် ဂါဇာကမ်းမြောင်ကို ပြန်ပို့ဖို့ အစ္စရေးက အမိန့်ထုတ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက ဒါကို ပြစ်တင်ရှုတ်ချခဲ့ပြီးတဲ့နောက် အစ္စရေးတရားရုံးချုပ်က အခုဒီကိစ္စကို ဆိုင်းငံ့ထားပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်