Radio
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာ ၈၊ ၂၀၂၂
ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှု သက်တမ်းတိုးဖို့ ကုလကြိုးပမ်း ၊ ရုရှားလူ့အခွင့်အရေး စုံစမ်းရေးမှူးခန့်ထားဖို့ ကုလဆုံးဖြတ်၊ အာတိတ်ဒေသဆိုင်ရာ ကန်မဟာဗျူဟာသစ် စတဲ့သတင်းတွေနဲ့ ကန် ဒဏ်ခတ်အရေးယူမှုအပေါ် သုံးသပ်သူတချို့အမြင်၊ ထိုင်းနယ်စပ် မြဝတီတံတားအမှတ် (၂) ပြန်လည်ဖွင့်လှစ် စတာတွေကို နားဆင်ကြည့်ရှု့ကြရမှာပါ။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၈၊ ၂၀၂၂)
ရုရှားနဲ့ ခရိုင်မီးယားကို ဆက်ထားတဲ့ အဓိကတံထား ဖောက်ခွဲဖျက်ဆီးခံရ၊ ထိုင်း နေ့ကလေးထိန်းကျောင်းမှာ အသတ်ခံရသူတွေအတွက် ကျန်ရစ်သူတွေ ရေစက်ချ အမျှပေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းက အလုပ်သမားတွေကို အလုပ်ဖြုတ်ဖို့ အလုပ်ရှင်တွေကို အာဏာပိုင်တွေက ဖိအားပေးတဲ့အကြောင်း ဒို့အသံ နဲ့ စနေည အပတ်စဉ်ကဏ္ဍတွေ ရှုစားနားဆင်ရပါမယ်။