Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတလွှား အပူချိန် ဆက်လက်မြင့်တက်ဆဲ


ရာသီဥတု ပူးပြင်းလွန်းလို့ ရန်ကုန်မြို့မှာ ထီးရိပ်ခို လမ်းလျှောက်နေသူတဦး။ (AFP)
ရာသီဥတု ပူးပြင်းလွန်းလို့ ရန်ကုန်မြို့မှာ ထီးရိပ်ခို လမ်းလျှောက်နေသူတဦး။ (AFP)

မြန်မာနိုင်ငံမှာ စံချိန်တင် အပူချိန်မြင့်တက်မှုအတွက် သတိပေးချက် ထုတ်ပြန်ထားပြီး ဧပြီလ ၂၇ ရက် (စနေနေ့)က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ မကွေးမြို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့မှာ ၄၃ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်မှာ ၄၁ ဒီဂရီစင်တီဂရိတ်နဲ့ ရန်ကုန်မှာ ၄၀ ဒီဂရီစင်တီဂရိတ် တွေအထိ အပူချိန် မြင့်တက်နိုင်ကြောင်း ဖော်ပြထားပါတယ်။

လူဦးရေ အများဆုံးနဲ့ အဓိက စီးပွားမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတော့ မြို့နေလူထုဟာ အများပြည်သူ အပန်းဖြေရာ ပန်းခြံတွေ ရေကန်တွေ အနီးမှာ အပူရှောင်တွေ လုပ်လာကြတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။ အထူးသဖြင့် လျှပ်စစ်မီး ပုံမှန် မရရှိလို့ လူကြီးပိုင်းတွေအနေနဲ့ အပူချိန်ကြောင့် အိမ်ထဲမှာ ပိတ်လှောင်မနေနိုင်ဘဲ သင့်လျော်ရာ နေရာတွေကို သွားပြီး အပူရှောင်ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

မိုးနည်း ခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ဆိုရင် အခုသီတင်းပတ်ထဲမှာ ဧပြီလ ပျမ်းမျှ အပူချိန်ထက် ၃ ဒီဂရီ စင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ် အထိ ပိုမြင့်တက်လာနေတယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ဆိုရင်ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အပူချိန်က ၄၅.၉ စင်တီဂရိတ် (၁၁၄.၆ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဧပြီလရဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ် မှတ်တမ်းမှာ စစ်ကိုင်းမြို့က ၄၄.၂ စင်တီဂရိတ် (၁၁၁.၆ ဖာရင်ဟိုက်) အထိ ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဟုမ္မလင်း၊ မုံရွာ၊ ထားဝယ် အစရှိတဲ့ မြန်မာနိုင်ငံ အထက်အောက် အနှံ့အပြားမှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်အထိ ရှိနေကြာင်းလည်း ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG