မြန်မာနိုင်ငံမှာ AI နည်းပညာနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေအကြောင်း အမေရိကန်ကို ရောက်ရှိနေတဲ့ ကိုစွမ်းထက်အောင်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
Generation Z ဂျန်ဇီတွေရဲ့ အခုရေပန်းစားနေတဲ့ ခေတ်စကား၊ ဗန်းစကားတွေထဲမှာ ရှေ့နောက်မညီ၊ ယုတ္တိမရှိဘူးဆိုတာ ဘယ်လိုပြောမလဲ၊ မကြေးမုံ အင်္ဂလိပ်လိုရော၊ နောက် အင်္ဂလိပ်၊ ဗမာအရော Burglish လိုရော ပြောပြထားပါတယ်။
မြန်မာနိုင်ငံသားတွေ သန်းချီ ရောက်ရှိနေထိုင်နေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာတွေ အနေများတဲ့ နေရာတွေဆို မြန်မာစာနဲ့ ရေးသားထားတာတွေကို တွေ့ရပါတယ်။ နိုင်ငံခြားကို ရောက်သွားတဲ့ မြန်မာစာမှာ ဘယ်လိုကွဲလွဲမှုတွေ တွေ့ရပါလဲ။ မညိုညိုလွင် နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာအသိုင်းအဝိုင်းနဲ့ နှစ်တွေအကြာကြီး ဝေးနေပေမဲ့ မြန်မာစာနဲ့၊ မြန်မာစကားကို တတ်ထားတာဟာ သူ ပါရဂူဘွဲ့ယူရမှာ အထောက်အကူရတယ်လို့ မြန်မာပြည်ကနေ ငယ်ငယ်လေးထဲက ထွက်လာပြီး အခုလက်ရှိ အမေရိကန်ထိပ်တန်းတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့လူငယ် ပြောပါတယ်။ မခင်လေးက GenZ ပရိတ်သတ်တွေအတွက် စကားပြောထားပါတယ်။
သက်သတ်လွတ်စားဖို့ တိုက်တွန်းတဲ့အဖွဲ့ ခွေးသားရောင်းပြီး ဆွယ်၊ ကလေးတယောက်တည်းရှိပေမဲ့ စာသင်ကျောင်း သေချာဖွင့်ပေးထားတဲ့ ရွာလေး၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဟိုင်းဒေးဘတ် တက္ကသိုလ်နဲ့ ကျောင်းအကျဉ်းထောင်ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ နိုဘယ်ဆုရှင် ၅၆ ယောက် မွေးထုတ်ပေးထားပြီး ဥရောပတိုက် သိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အချက်အချာ ကျောင်းတော်ကြီးကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
မြန်မာနိုင်ငံမှာ အရွယ်ရောက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဘဝအခြေအနေ ပြောင်းလဲကုန်တဲ့ လူငယ်တချို့ရဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခ ပြေငြိမ်းရေးအတွက် ဘယ်လို လမ်းစရှာနိုင်မလဲဆိုတာ ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပါရဂူဘွဲ့ရ ဒေါက်တာစိုးမြတ်နွယ် ကို ဦးတင်မောင်သန်းက မေးမြန်းပြီး ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်မှာ တင်ပြထားပါတယ်။
လူမျိုး၊ အသားအရောင်ကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ ကမ္ဘာမှာ ဒီနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေမှာ ခွဲခြားဆက်ဆံမှု အဆိုးဆုံးလဲဆိုတာကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
ယူကရိန်းဖြစ်စဥ်ကို ကိုးကားပြီး မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း နိုင်ငံတကာရာဇဝတ် တရားရုံးမှာ တရားစွဲလို့ ရနိုင်တယ်လို့ ကုလမြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးစနစ်၊ ကုလယန္တရားအောက်က အရေးယူလာနိုင်တဲ့ လမ်းကြောင်းတွေကို ပြောသွားတာပါ။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
တိုက်ပွဲတွေကြောင့် အဓိကနယ်စပ်ကုန်သွယ်ရေး စခန်းကြီးတွေကနေ ကုန်သွယ်နေသူတွေ အထူးထိခိုက်ရပြီး နစ်နာဆုံးရှုံးမှု ကြီးမားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီလို သတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံတွေ ဈေးအတက်အကျ သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက် ပေးထားပါတယ်။
မြဝတီအခြေအနေတွေ မရေရာဖြစ်နေပြီး စစ်ဘေးပြေးဒေသခံတွေ ထိုင်းဘက်က ပြန်လာလိုက်ရ၊ ပြန်ထွက်ပြေးလိုက်ရ ဖြစ်နေ၊ ကိုးကန့်လက်နက်ကိုင် MNDAA သေဒဏ်ချထားတဲ့ လူတွေထဲက ၃ ယောက်ကို ကွပ်မြတ်ခဲ့တဲ့သတင်းရလို့ ဥရောပသမဂ္ဂရုံးက ဝေဖန်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။