TV
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၂-၂၀၁၇)
ဇင်ဘာဘွေနိုင်ငံ သမ္မတသစ်အဖြစ် ဒုသမ္မတဟောင်း Emmerson Mnangagwa သောကြာနေ့မှာ ကျမ်းသစ္စာကျိန်ဆို တာဝန်ယူမှာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းက ကြေညာ၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့တွေကို ရန်လိုနှောင့်ယှက်မှုတွေ လျော့သွားအောင် လုပ်ပေးဖို့ လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ပြော၊ ဆီးရီးယား ပြည်တွင်းစစ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို အားပေးဖို့ အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ သဘောတူ