TV
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၁ ရက် ၂၀၂၃
၂၀၂၃ နှစ်သစ်ကို ကမ္ဘာတလွှား ကြိုဆိုကြတာ၊ ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေ၊ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာသတင်းတွေ အပြင် လူကြည့်များတဲ့ တမိနစ် သတင်းတို အထူးအစီစဉ်တွေ တင်ပြထားပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၁ ၊ ၂၀၂၃
NUG ယာယီသမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်း၊ ကျူးဘားနိုင်ငံက စားနပ်ရိက္ခာအခက်အခဲနဲ့ ၂၀၂၂ ခုနှစ်အတွင်း အရေးကြီးတဲ့ မြန်မာသတင်းတွေ စုစည်း တင်ပြမှုနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ ကမ္ဘာ့ မြန်မာ့ မီဒီယာမြင်ကွင်း၊ ISP အဖွဲ့ရဲ့ မြင်ကွင်းကျယ်မှတ်စု၊ မကြေးမုံရဲ့ အင်္ဂလိပ်စာအစီအစဉ်၊ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်တို့ကို နားဆင်ရမှာပါ။