Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ထိန်းချုပ်နယ်မြေတွင်း စစ်ရေးတင်းမာမှုတွေ ဖြစ်လာနိုင်မလား 


KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ။ (ဇန်နဝါရီ ၃၁၊ ၂၀၁၂)
KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ။ (ဇန်နဝါရီ ၃၁၊ ၂၀၁၂)

KNU ကနေ ခွဲထွက်ပြီး Kaw Thoo Lei Army ကို တည်ထောင်ခဲ့တဲ့ KNDO ကရင်ကာကွယ်ရေးဌာန စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မူးချုပ် နယ်ဒါးမြ ဖွဲစည်းထားတဲ့ အထူးတပ်တချို့နဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ ဟာ ထိတွေ့ပစ်ခတ်တွေ ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးမှာပါ။

KNU ထိန်းချုပ်နယ်မြေတွင်း စစ်ရေးတင်းမာမှုတွေ ဖြစ်လာနိုင်မလား

{{Zawgyi/Unicode}}
KNU ကရင်အမျိုးသားအစည်းအရုံ းလက်အောက်ကနေ ခွဲထွက်ပြီး Kaw Thoo Lei Army ကို တည်ထောင်ခဲ့တဲ့ KNDO ကရင်ကာကွယ်ရေးဌာန စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မူးချုပ် နယ်ဒါးမြ ဖွဲစည်းထားတဲ့ အထူးတပ်တချို့နဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ ဟာ KNU တပ်မဟာ (၄) နယ်မြေမှာ ထိတွေ့ပစ်ခတ်တွေ ရှိနေပါတယ်။ ဒီလို အခြေနေကနေ KNU ထိန်းချုပ်ရာ နယ်မြေတွေအတွင်းမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်လာနိုင်ပါသလား။ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးမှာပါ။

တပ်မဟာ(၄)နယ်မြေထဲမှာ စစ်ဦးစီးချုပ်ဟောင်း စောနယ်ဒါးမြ ဦးဆောင်တဲ့ KNDO အထူးတပ်ဖွဲတွေနဲ့ ထိတွေ့ပစ်ခတ်မူ့တချို့ရှိပေမယ့် ကြီးမားတဲ့ တင်းမာမူတွေ ရှိလာမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် စစ်ဦးစီးချုပ်ရုံးကပြောရေးဆိုခွင့်ရှိသူ ဖန်းလုံ့ဟိန်း က ပြောပါတယ်။

"တင်းမာလာတဲ့ အခြေအနေတွေတော့ မရှိဘူးလို့ပြောလို့ရပါတယ်။ မရှိဘူးဆိုတာက ကျနော်တို့တပ်ထဲမှာက သူ(ဗိုလ်မူးချုပ်နယ်ဒါးမြ) ရဲ့ သဘောထား သူသွားနေတဲ့ လမ်းကြောင်းကလည်း ကျနော်တို့ အကုန်သိပြီးသားပါ။ ကျနော်တို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သူကဘောင်ကျော်ပြီး လုပ်တဲ့အပိုင်းတွေ အများကြီးဖြစ်သလို့ သူ့ကိုတော့ ကျနော်တို့ ကေအန်ယူ အဖွဲ့အစည်းကလည်း ထုတ်ပြန်ချက်နဲ့ ထုတ်ပယ်ပြီးသားဖြစ်သလို ပြောမယ်ဆိုရင် သူတဦးကောင်းဆုံးဖြတ်ချက်နဲ့ပဲ လုပ်တာဖြစ်တယ်။ ကျနော်တို့ ကေအန်ယူရဲ့ သဘောထားဘာမှမယူပဲ သူဖာသူ သူသဘောထားနဲ့ ဖွဲ့လိုက်တဲ့သဘောပါပဲ"

ဗိုလ်မူးချုပ် နယ်ဒါးမြဟာ ဖလူး ဝေါ်လေဒေသမှာ ဥပဒေပြင်ပ သတ်ဖြတ်မူ့မှာ တာဝန်ရှိတယ်ဆိုပြီး ကေအန်ယူက စာထုတ်ပြီး KNDO စစ်ဦးစီးချုပ် အဖြစ်ကနေ ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ဒီနောက် ဒီနှစ် ဇန်နဝါရီလမှာ သူနေရာမှာ ဗိုလ်မူးရှီးလေ ကို KNDO စစ်ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဗိုလ်မူးချုပ်နယ်ဒါးမြကတော့ သူ့ရဲ့တာဝန်ကို ရပ်ဆိုင်းလိုက်တာကို သူကလက်မခံဘူးလို့ ပြောဆိုခဲ့ပြီးနောက် KNDO အထူးတပ်ရင်းတွေကို ထပ်ပြီးဖွဲ့စည်းခဲ့ပါတယ်။ မကြာသေးခင်ကတော့ တပ်မဟာ(၄) နယ်မြေမှာ ဗိုလ်မူးချုပ်နယ်ဒါးမြ ဖွဲစည်းထားတဲ့ အထူးတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ ပစ်ခတ်မူ့အနည်းငယ် ရှိခဲ့တယ်လို့လည်းဆိုပါတယ်။

"ပစ်ခတ်မူတွေတော့ရှိပါတယ် KNLA နဲ့ KNDO ပစ်ခတ်မူတော့ မဟုတ်ဘူး ကော်လာဖိုး ဆိုတဲ့ ဗိုလ်မူးကြီးနယ်ဒါးမြရဲ့ ဖွဲ့စည်ပေးလိုက်တဲ့ မကြာခင်က ဖွဲ့ပေးလိုက်တဲ့အဖွဲ့လေး တခုပေါ့နော်။ KNDO အမည်ခံပေ့ါနော်။ KNDO တပ်ရင်းတော့မဟုတ်ဘူး ။ အဲဒီအဖွဲ့လေးတွေနဲ့ ထိတွေ့မူတွေတော့ရှိခဲ့တယ်"

ကရင်ကာကွယ်ရေးဌာန KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မူးချုပ်နယ်ဒါးမြကတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဟာKNU အဖွဲ့အစည်းရဲ့ နိုင်ငံရေးဦးဆောင်မူ့အပေါ်မှာ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်နဲ့ စစ်ရေးအရ ချုပ်နှောင်ခံနေရတာကြောင့် စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ တွန့်ဆုတ်နေတယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒါဟာမမှန်ကန်ကြောင်း စစ်အာဏာသိမ်းတာကို ကေအန်ယူက ဆန့်ကျင်ကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ကေအန်ယူ တပ်မဟာအသီးသီးမှာ KNLA တပ်တွေဟာ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၅၇၀၀ ကျော်ဖြစ်ခဲ့တာလို့ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဘက်ကဆိုပါတယ်။ အခုလို ကော်သူးလေ တပ်မတော်ကို ဖွဲ့စည်းတာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ တော်လှန်ရေး လုပ်ငန်းစဉ်ကို ပိုမိုရှုတ်ထွေးအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ KNU နယ်မြေမှာပဲ ဒီလိုနောက်ထပ် ကရင်တပ်ဖွဲ့တခုဖွဲ့စည်းတာကို လက်ခံမှာ မဟုတ်သလို ဒီကိစ္စကို ဗိုလ်မူးနယ်ဒါးမြဘက် က ဆွေးနွေးလာတာ မရှိသေးပေမယ့် သူ့အနေနဲ့ မဖြစ်မနေ့ ညှိနှိုင်းသွားရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ် ။

" လောလောဆယ်တော့ မရှိသေးဘူး ။ သူလည်း ဒီအတိုင်းဆက်သွားလို့တော့ မရဘူးလို့ ကျနော်တို့မြင်တယ်။ သူနေထိုင်နေတာလည်း ကျနော်တို့ KNU- KNLA ထိမ်းချုပ်နယ်မြေထဲမှာရှိတယ်။ သူက ညှိညှိနှိုင်းနိုင်းတော့ သူလုပ်ရလိမ့်မယ်။ သူက ဒီအတိုင်းသွားလို့တော့မရဘူး။ သူ့အင်အားက တပ်မဟာ(၄)မှာ ကော်လာဖိုးတို့ ဦးဆောင်တဲ့ အင်အားတချု့ိရှိတယ် ။ တပ်မဟာ ၆ ဥကရစ်ခီးတို့ဥကရစ်ထတို့ မှာသူတို့နဲ့ပူးပေါင်းတဲ့PDF လေးတချို့ရယ် ။ ဗိုလ်စလုံးတို့အဖွဲ့ရယ်။ အဲဒီလောက်ပဲရှိပါတယ်အများကြီးမရှိပါဘူး"

KNDO စစ်ဦးချုပ်ဟောင်း ဗိုလ်မူးချုပ်နယ်ဒါးမြ ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကေအန်ယူနဲ့ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မူးချုပ် နယ်ဒါးမြကြားမှာ တဖက်နဲ့တဖက် ကြေညာချက် ထုတ်တာတွေရှိပေမယ့် ကော်သူလေး တပ်မတော်ဖွဲ့စည်းတာကို လက်မခံသလို ကေအန်ယူ အဖွဲ့အစည်းအတွင်းမှာတော့ ကြီးမားတဲ့ အကွဲအပြဲတွေ ရှိလာမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဘက်ကဆိုပါတယ် ။

အခုဆိုရင် မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး စစ်ရေး ဦးဆောင်မူ့နဲ့ တပ်မဟာ(၇)ခုလုံးမှာ KNLA KNDO PDF ပူးပေါင်းတပ်ဖွဲတွေဟာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မူတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ က ခေါင်းဆောင်တွေ ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................................


{{Zawgyi/Unicode}}











XS
SM
MD
LG