Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီမှာ ကန်တင်သွင်းတဲ့ ဂါဇာအပစ်ရပ်ရေးအဆို ရုရှား တရုတ် ဗီတိုသုံးပယ်ချ


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda-Thomas Greenfield အမေရိကန် အဆိုပြုချက် တင်သွင်း။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda-Thomas Greenfield အမေရိကန် အဆိုပြုချက် တင်သွင်း။

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်မှုကြမ်းကို သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချခဲ့တာကြောင့် ခုထိ အတည်မပြုနိုင်သေးပါဘူး။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda-Thomas Greenfield ကတော့ အမေရိကန်က တင်သွင်းတဲ့ အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်တို့က မဲ မပေးချင်တာဟာ လုံခြုံရေးကောင်စီ အောင်မြင် အလုပ်ဖြစ်တာထက် အမေရိကန်တွေကို အရေးနိမ့် စေချင်တာက ပိုနေတယ်လို့ ပြောပါတယ်။ အမေရိကန်တင်သွင်းတဲ့ အဆိုပြုချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၁ နိုင်ငံက ထောက်ခံပြီး ရုရှား၊ တရုတ်နဲ့အတူ အယ်လ်ဂျီးရီးယားက ကန့်ကွက်ခဲ့သလို Guyana က ကြားနေခဲ့တာပါ။

ဂါဇာမှာ အပစ်ရပ်ဖို့တောင်းဆိုတဲ့ အဆိုပြုချက် မူကြမ်းတွေကို လုံခြုံရေးကောင်စီမှာ မဲခွဲရာမှာ ၃ ကြိမ်တိုင် ဗီတိုအာဏာသုံး ပယ်အချခံခဲ့ရပြီးတဲ့နောက် အခု အမေရိကန်က မူကြမ်း တင်သွင်းခဲ့တာဖြစ်ပါတယ်။


အမေရိကန်ရဲ့ မူကြမ်းထဲမှာ ဂါဇာက အရပ်သားတွေကို ကာကွယ်ဖို့၊ လူသားစာနာမှု အကူညီပိုပေးဖို့နဲ့ ဓါးစားခံတွေ လွတ်မြောက်ဖို့ တောင်းဆိုမှုတွေမှာ တိကျမှုမရှိတဲ့ ဒွိဟဖြစ်စရာ အသုံနှုံးတွေ ပါဝင်နေတာကြောင့် ပယ်ချကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် တချို့က ထောက်ပြပြောဆိုပါတယ်။

ဒီမူကြမ်းထဲမှာ ငြိမ်းချမ်းစွာနေထိုင်တဲ့ ပါလက်စတိုင်း အရပ်သားတွေရဲ့ အသက်တွေကို ကာကွယ်ဖို့ ဆိုတာလောက်နဲ့ မပြည့်စုံ ကြောင်းနဲ့ ဒါဟာ ကုလလုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့် နဲ့ မကိုက်ညီကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vassily Nebenzia ကပြောသလို တရုတ်သံအမတ်ကြီးကလည်း မူကြမ်းဟာ ရှင်းလင်းမှုမရှိသလို ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုထားတာ မဟုတ်ဖူးလို့ ပြောပါတယ်။

ဇန်နဝါရီလကမှာ လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ထဲ ပါလာတဲ့ Guyana ကတော့ မူကြမ်းဟာ ချွင်းချက်မရှိ ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုထားတာ မရှိပဲ မရှင်းလင်းတဲ့ အတွက် ထောက်ခံမဲ မပေးနိုင်ကြောင်းနဲ့ ကြားနေ အဖြစ်ပဲ နေခဲ့တာ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ ဂါဇာအပစ်ရပ်ရေး အတွက် ဒေသတွင်းခရီးစဉ် သွားရောက် ကြိုးစားနေတာ ဖြစ်ပြီး သောကြာနေ့မှာပဲ Tel Aviv မှာ အစ္စရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG