Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြ၀တီမြို့အနီး လက်နက်မချသေးတဲ့ ခလရ ၂၇၅ စစ်သားတွေကို  KNLA/PDF ပူးပေါင်းတပ် စတင်ပစ်ခတ်


မဲဆောက်မြ၀တီ တံတား(၂)အနီးမှာKNLA/PDFတပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်နေပုံ
မဲဆောက်မြ၀တီ တံတား(၂)အနီးမှာKNLA/PDFတပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်နေပုံ

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပြီး ထိုင်းမြန်မာချစ်ကြည်ရေးတံတားအနီးက လက်နက်မချသေတဲ့ ခလရ ၂၇၅က စစ်သားတွေကို ဧပြီလ ၁၉ရက်နေ့ညက ဒရုန်းတွေနဲ့ ဒုတိယအကြိမ်မြောက်ပစ်ခတ်ခဲ့တာပါ။ ဧပြီလ ၁၈ရက်နေ့နောက်ဆုံးထား လက်နက်ချဖို့သတိပေးပြီး နောက်တရက်ဖြစ်တဲ့ သောကြာနေ့မှာ စစ်မျက်နှာဖွင့် ပစ်ခတ်မူတွေဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့ရသူတဦးကပြောပါတယ်။

"ဒီနေ့ည ၇နာရီလောက်မှာ ပူးပေါင်းတပ်တွေ KNLA တွေက အမှတ် ၂ တံတား နားမှာဒရုန်းတွေနဲ့လာပစ်တာ မြန်မာစစ်တပ်က ၅ယောက်လောက်ကျတယ်ပြောတယ် အတိအကျကိုတော့ပြောလို့မရသေးဘူး"

မြ၀တီမြို့ကိုတော့ ပူးပေါင်းတပ်ဖွဲ့ အင်အားအတော်များများ ဧပြီလ ၁၉ ရက်နေ့မှာ ဝင်ရောက်လာပြီးစစ်ကောင်စီတပ်သားတွေကိုချေမှူန်းဖို့စစ်မျက်နှာစဖွင့်ပြီလို့လည်းသိရပါတယ်။

မြ၀တီမြို့ကနယ်ခြားစောင့်တပ်ကတော့ တံတားအမှတ် ၂ နား နေပြီး လက်နက်မချသေးတဲ့ခလရ ၂၇၅ က စစ်သားတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနေသလို စစ်ကောင်စီဘက်ကလည်း KNLA/PDF တွေ သိမ်းဆည်းသွားတဲ့လက်နက်တွေ ကို KNU ထံကနေပြန်တောင်းပေးဖို့ နယ်ခြားစောင့်တပ်ကို ဖိအားပေးပြောဆိုတာတွေရှိနေတယ်လို့ဆိုပါတယ်။ အခုဆိုရင်BGF (ခ) KNA နယ်ခြားစောင့်တပ်က တဖက်ဖက်မှာရပ်တည်ဖို့အတွက်လည်းဝေခွဲမရဖြစ်နေသလို ရွှေကုက္ကိုလ် မြို့သစ်ဗုံးကြဲခံရမှာကိုလည်းစိုးရိမ်နေပါတယ်။ KNU ဘက်ကတော့ ကရင်လူမျိုးအချင်းချင်းတိုက်ခိုက်တာတွေမဖြစ်ဖို့ရှောင်ရှားနေပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်နေပါတယ်။

ကော့ကရိတ်အာရှလမ်းသစ်ဘက်မှာတော့ စစ်ကောင်စီတပ်တွေက မြ၀တီကိုတက်နိင်ဖို့ကြိုးစားနေပေမဲ့ လမ်းကနေ ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တိုက်နေတဲ့အတွက် ဒေါနတောင်ခြေနေရာမှာပဲရှိနေပါသေးတယ်။ ဧပြီလ ၁၉ရက်နေ့မှာတော့ ကျုံဒိုးမြို့က အခြေချကျုံဒိုးဗျူဟာနဲ့ ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကခေါင်းဆောင်တဦးကVOAကိုပြောပါတယ်။

"ကျုံဒိုးမှာတော့ ပူးပေါင်းတပ်ဖွဲ့တွေ ကျုံးဒိုးဗျူဟာစခန်းနဲ့ ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ကို ကျနော်တို့ တပြိုင်တည်းဝင်တိုက်တယ် အဲဒီအတွက် သူတို့ဘက်ကအကျအဆုံးတော့များတယ် ။ အဲဒီတော့သူတို့ဘက်က(စကစ)ဘာတွေတုန့်ပြန်လဲဆိုတော့ ကျုံဒိုးမြို့ အစပ်ကို ပေါင်၅၀၀ဗုံးနဲ့ပစ်ချသွားတယ်"

စစ်ကောင်စီတပ်တွေကတော့ ကရင်ပြည်နယ်အတွင်းအခြေချစခန်းအတော်များများ တိုက်ခိုက်ခံရပြီး စခန်းကို စွန့်လွတ်ခဲ့ရတာ စခန်းကနေဆုတ်ခွါသွားတာတွေ များလာသလို ခြေလျင်တပ်ရင်းတွေကလည်း မြေပြင်မှာ တိုက်ခိုက်နိုင်မှုတွေနည်းလာပါတယ်။ တပ်မှူးတပ်သားတွေကလက်နက်ချအညံ့ခံတာတွေ ရှိသလို စခန်းကျလို့ လက်နက်ချရတဲ့ တပ်မှူးတပ်သားတွေရဲ့မိသားစုတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးတာ အိမ်တွေချိတ်ပိတ်တာတွေလုပ်တဲ့အတွက် စစ်ကောင်စီအပေါ်မှာ ယုံကြည်မှုမရှိတော့ပဲ ဘက်ပြောင်းသူတွေများလာပါတယ်။

ကရင်ပြည်နယ်မြ၀တီမြို့ကအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Forum

XS
SM
MD
LG