Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ ပြည်ပအကူအညီပေးရေး ဥပဒေကြမ်း ကန်အထက်လွှတ်တော်အတည်ပြု


အမေရိကန် လွှတ်တော်အဆောက်အဦ
အမေရိကန် လွှတ်တော်အဆောက်အဦ

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို လုံခြုံရေးဆိုင်ရာ အကူအညီပေးမယ့် ဒေါ်လာ ၉၅ ဘီလီယံပါ အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်က မနေ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ မဲခွဲ အတည်ပြုလိုက်ပြီးတဲ့နောက် သမ္မတ Joe Biden က ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ လက်မှတ်ထိုး အတည်ပြုပေးတော့မှာ ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံလုံခြုံရေးကို ဦးစားပေးလုပ်ဆောင်မယ့်အစား တခြားနိုင်ငံကို ကူညီပေးတဲ့ ဒီအဆိုပြုချက်ကို အစောပိုင်းမှာ အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ်တွေက မဲခွဲဆုံးဖြတ်ပေးဖို့ ငြင်းဆိုနေတာကြောင့် ဒီကိစ္စ လအတန်ကြာ နှောင့်နှေး ကြန့်ကြာခဲ့ပြီးတဲ့နောက်မှာ မနေ့က အထက်လွှတ်တော်က ထောက်ခံမဲ ၇၉ မဲ၊ ကန့်ကွက်မဲ ၁၈ မဲနဲ့ အတည်ပြုပေးလိုက်တာပါ။ အောက်လွှတ်တော်ကလည်း မူလ အဆိုပြုချက်ကို ကန့်ကွက်နေသူတွေ သဘောတူ လက်ခံလာအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ကြပြီးတဲ့နောက် ထောက်ခံမဲ ၃၁၁ မဲ၊ ကန့်ကွက်မဲ ၁၁၂ မဲနဲ့ ဧပြီလ ၂၀ ရက်၊ စနေနေ့က အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။

အခုအဆိုပြုထားတဲ့ ဒေါ်လာ ၉၅ ဘီလီယံထဲက အများစုဖြစ် ၆၁ ဘီလီယံဟာ ယူကရိန်းနိုင်ငံအတွက်ဖြစ်တာကြောင့် ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန် တိုက်ခိုက်နေတဲ့ ယူကရိန်းအရေးကို အများစုက အာရုံစိုက် ဆွေးနွေး ပြောဆိုနေခဲ့ကြတာပါ။ ဒီအထဲက ၂၆ ဘီလီယံ ဒေါ်လာက ဟာမတ်စ်တို့နဲ့ ဂါဇာကမ်းမြောင်မှာ စစ်ဖြစ်နေတဲ့ အစ္စရေးနိုင်ငံအတွက်ဖြစ်ပြီး ကျန် ၈ ဘီလီယံကတော့ တရုတ်ရဲ့ ခြိမ်းချောက်မှုတွေကို ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်ကျွန်းနဲ့ တခြား အင်ဒို-ပစိဖိတ်ဒေသအတွက် ဖြစ်ပါတယ်။

Forum

XS
SM
MD
LG