Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးလုံခြုံရေးကောင်စီဆွေးနွေးပွဲအပေါ် အမြင်သုံးသပ်ချက်


လုံခြုံရေးကောင်စီတံခါးဖွင့်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာလူမျိုးရေးကို ဦးတည်သလား၊ လူသားအားလုံးအရေးလုပ်တာလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့အမေရိကန်အခြေစိုက် မြန်မာနိုင်ငံရေးသိပ္ပံပညာရှင်ကသုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကြာသပတေးနေ့က လုံခြုံရေးကောင်စီ တံခါးဖွင့် ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာ လူမျိုးရေးကို ဦးတည်သလား လူသားအားလုံး အရေး လုပ်နေတလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် မြန်မာ နိုင်ငံရေးသိပ္ပံ ပညာရှင်တဦးက သုံးသပ်လိုက်ပါတယ်။ ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထောက်ပြဖို့ အကောင်းဆုံး ဖြစ်နေကာ ကုလသမဂ္ဂ ပဋိညာဉ် အခန်း ၆ ပါ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖျန်ဖြေရေးပါ လုပ်ငန်းစဥ်တွေ အတိုင်း လက်ရှိ လုပ်ဆောင်နေတာ ဖြစ်ပြီး နောက်တဆင့် ဖြစ်တဲ အခန်း ၇ ပါ အတိုင်း လုံခြုံရေးကောင်စီ အနေနဲ့ အရေးယူဖို့ကတော့ လိုနေဦးမယ်လို့ ပါမောက္ခ ဒေါက်တာ ထွန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။ အခုလို တံခါးဖွင့် ဆွေးနွေးလာနိုင်တာက ၂၀၂၂ ခုနှစ် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ရဲ့ နောက်ဆက်တွဲ ဖြစ်ထွန်းမှုတွေ ဖြစ်တယ်လို့ သူက ထောက်ပြထားပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။

Forum

XS
SM
MD
LG